အပိုင်း(7)

427 23 5
                                    

မိုးရာသီ မဟုတ်​​သော်​လည်း အချိန်​အခါမဟုတ်​ မိုးများဖြိုးဖြိုး​ဖြောက်​​ဖြောက်​ ကျ​နေ​လေသည်​။ဆေးရုံဝင်းထဲရှိ ​နေရာလပ်​တစ်​ခုတွင်​ ဦး​အောင်​မြင့်​​ရွှေ ကားကိုထိုးရပ်​လိုက်​သည်​။ကား​ပေါ်မှဆင်း၍ ​ဆေးရုံထဲသို့ ခပ်​သွက်​သွက်​ ​လျှောက်​လာခဲ့လိုက်​သည်​။ဆေးရုံ​ကောင်​တာ​မှာ​ရပ်​​နေ​သော ဧည့်ုကြို ​ကောင်​မ​လေးကို လာ​တွေ့သည့်​ လူနာအခန်းကို​မေးမြန်းရသည်​။

" ကျွန်​​တော်​လူနာတစ်​​ယောက်​နဲ့​တွေ့ချင်​လို့ပါ"

"ဟုတ်​ကဲ့..လူနာရဲ့ အမည်​ကို​ပြောပါ"

"ဦးစိုးထွဋ်​ဟန်​ပါ..မ​နေ့ညက နှလုံး​ဖောက်​ပြီး​ရောက်​လာတဲ့ လူနာပါ"

"​သြော်​..ဟုတ်​ကဲ့ .အခန်းနံပါတ်​ (48)မှာပါ ဒီလမ်းတည့်​တည့်​သွားပြီးဘယ်​ဘက်​ကို​ကွေ့လိုက်​ရင်​ လူနာခန်း​တွေရှိပါတယ်​ အဲ့ဘက်​မှာတစ်​ချက်​ရှာကြည့်​လိုက်​ပါ​နော်​"

"ဟုတ်​ကဲ့...​ကျေးဇူးတင်​ပါတယ်​"

ဧည့်​ကြို​ကောင်​မ​လေးကိုနှူတ်​ဆက်​ပြီး အခန်း(48)ဆီကို ဦးတည်​လိုက်​သည်​။လူနာခန်း​ရှေ့က ခုံတွင်​ ဒူး​ခေါင်း​လေးကို လက်​​လေးနဲ့ပိုက်​ပြီး ​ခေါင်း​လေးငုံ့ဝင်​ကာငို​ကြွေး​နေ​သော​ကောင်​​လေးတစ်​​ယောက်​ အသံမထွက်​ပဲ ကြိတ်​ငို​နေသဖြင့်​တစ်​ချက်​တစ်​ချက်​ရှိုက်​သံနဲ့အတူ ခန္ဓာကိုယ်​​လေးမှာ သိမ့်​သိမ့်​တုန်​​နေသည်​။အနားသို့ ဖွဖွ​လေး​လျှောက်​သွားပြီး ပုခုံး​လေးကို ပုတ်​ကာ...

"သားထွဋ်​"

တိုးတိုး​လေး​ခေါ်လိုက်​​တော့ မျက်​ရည်​​တွေစီးကျကာ မို့အစ်​​နေ​သောမျက်​လုံးများနှင့်​ကြည့်​လာ​လေသည်​။ဦး​အောင်​မြင့်​​ရွှေ အသံကိုကြား​တော့ ထိန်းချုပ်​ထားသမျှ စိတ်​​တွေကို လွှတ်​ချကာ ဦး​အောင်​မြင့်​​ရွှေရဲ့ ခါးကို တင်းတင်းကျပ်​ကျပ်​ဖက်​ကာ ရှိုက်​ကြီးတငင်​ငိုချလိုက်​​လေသည်​။

"ဦး.....အီး..ဟီး...ဟီး...​ဖေ​ဖေ ..​ဖေ​ဖေ..ပြန်​​ကောင်းလာမှာပါ​နော်​ ..​နော်​...ဦး"

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now