အပိုင်း(8)

372 20 2
                                    

"ဖြစ်​​ကြောင်းကုန်​စင်​က​တော့ အဲ့ဒါပဲ ခင်​​ရေ..."

"စိတ်​မ​ကောင်းလိုက်​တာ ကို​အောင်​ရယ်​...ခင်​လာချင်​​ပေမယ့်​   ကို​အောင်​​ပြောသလိုပဲ ဒီမှာက နည်းနည်း ရှူပ်​​ထွေး​နေ​တော့ ...သားထွဋ်​​တော့ အရမ်းကြီးဝမ်းနည်းပြီးခံစား​နေရမှာ သနားလိုက်​တာရှင်​..ကျွန်​မ မလာနိုင်​တာအတွက်​ ကိုစိုးထွဋ်​ကို​ရော ..သားထွဋ်​​လေးကိုပါ  မျက်​နှာပူ​နေမိပြီ"

"သားထွဋ်​ကို​တော့ ကိုယ်​​ပြောပြလိုက်​ပါ့မယ်​..သူနားလည်​မှာပါ.ပြီး​တော့..စိုးထွဋ်​လည်း နားလည်​​ပေးနိုင်​မှာပါ သူက လူ​ကောင်းတစ်​​ယောက်​ပါပဲ..ကိုယ်​တို့က သားထွဋ်​​လေးကို ​သေချာပြုစုပျိုး​ထောင်​​ပေးရင်​ သူ ၀မ်းသာမှာပါ..ဒါက ကိုယ်​တို့ သူ့အတွက်​ လုပ်​​ပေးနိုင်​တာ ဒါပဲရှိတာ​လေ.."

"ဒါ​တော့ သူမ မှာလည်း ကျွန်​မတို့က လုပ်​​ပေးရမယ့်​ကိစ္စပဲ​လေ..ဘယ်​လိုပဲဖြစ်​ဖြစ်​ သားထွဋ်​​လေးကို​တော့ ပါ​အောင်​ ​ခေါ်ခဲ့​နော်​..ကျွန်​မ​မျှော်​​နေမှာ"

"​အေးပါ ခင်​ရယ်​ ကိုယ်​ ဒီမှာ ကိစ္စ ​တွေပြီးရင်​ သားထွဋ်​​လေးကို ကိုယ်​နဲ့အတူ တစ်​ခါတည်း အပါ​ခေါ်ခဲ့မှာ"

"ဒါနဲ့ သားထွဋ်​က ခုထိ သတိမရ​သေးဘူးလား"

"အများကြီးလန့်​သွားလို့ထင်​တယ်​  ခုထိ​တော့ သတိမရ​သေးဘူး ..စိတ်​မပူပါနဲ့ သတိရလာမှာပါ.."

"အင်းပါ သူသတိရလာရင်​..​သေချာ​လေးဂရုစိုက်​​ပေးလိုက်​အုံး ..ရုတ်​တရက်​ဆို​တော့ ..​တော်​​တော်​​လေးလန့်​ပြီး စိတ်​ထိခိုက်​သွားမှာ"

"ကိုယ်​သိပါတယ်​ခင်​ရယ်​....ဒါဆို ကိုယ်​ ဖုန်းချလိုက်​​တော့မယ်​...အဲ့ဒီကိုလာမှပဲ ကိုယ်​အ​သေးစိတ်​ရှင်းပြ​တော့မယ်​"

"ဟုတ်​..ကို​အောင်​..ကျွန်​မ ရှင့်​ကို​ရော ..သားထွဋ်​​လေးကို​ရော ​မျှော်​​နေမယ်​"

ဖုန်းသာချလိုက်​ရ​ပေမယ့်​ ​ဒေါ်ခင်​​မေပိုက်​ ရဲ့စိုးရိမ်​မှူ​တွေက ​လျော့မသွား​သေး...ဘယ်​​လောက်​ကြာ​အောင်​​တွေး​နေမိသည်​မသိ...သားဖြစ်​သူအနားမှာ ​ခေါ်​နေတာကို​တောင်​ သတိ​မထားမိ.....

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now