အပိုင်း(4)

483 36 2
                                    

ဆူညံ​နေ​သော သံစဉ်​များ ​ရောင်​စုံမီးလုံးများ၏အလင်း​ရောင်​များနှင့်​အတူ ​ရွှေသိမ်းပိုက်​တစ်​​ယောက်​ ​ရေချိန်​ကိုက်​​နေ​တော့သည်​။ရောက်​လာကတည်းက ဘာမှမ​ပြောပဲ အရက်​အပြင်းစား​တွေချည်းထိုင်​​သောက်​​နေ​သော သူ့ကို နိုင်​ထွန်းနှင့်​​ဇေယျာကို က မျက်​လုံးအပြူးသားနှင့်​အံသြ​နေသည်​။ဆုံတဲ့အခါတိုင်း တစ်​ခွက်​နှစ်​ခွက်​​သောက်​ပြီး ​နေတတ်​​ပေမယ့်​ ဒီ​နေ့မှ ပုလင်းလိုက်​​မော့ ​နေ​တော့သည်​။

"​ဟေ့​ကောင်​..​ရွှေသိမ်းပိုက်​ မင်းဘာ​တွေဖြစ်​​နေတာလည်း ​ရောက်​ကတည်းက ထိုင်​​သောက်​​နေတာ "

နိုင်​ထွန်းစကားစလိုက်​​သောအခါ ​ရွှေသိမ်းပိုက်​က ရီ​ဝေ​သောမျက်​လုံး​တွေနဲ့​မော့ကြည့်​လာပြီး....

"ငါ့အ​ဖေက ​နောက်​တစ်​​ယောက်​​ခေါ်တင်​​တော့မယ်​တဲ့ကွာ"

"​ဟေ......"

ပြိုင်​တူထွက်​သွား​သော အသံမှာ သီချင်းဆုံးတာနဲ့ကွက်​တိဖြစ်​​နေတာ​ကြောင့်​ ကလပ်​ထဲရှိလူများ သူတို့ရှိရာ စားပွဲသို့ အကြည့်​များဆိုက်​​ရောက်​လာ​တော့သည်​။ဇေယျာကို က အားနာ​သော အကြည့်​များနှင့်​ အားတုံ့အားနာပြုံးပြကာ ဆက်​​ပျော်​ကြပါ ဟု လက်​ဟန်​နှင့်​ပြလိုက်​သည်​။လူ​တွေရဲ့အကြည့်​လွှဲသွားမှ...

"​ဟျောင့်​...မင့်​အ​ဖေက ဘယ်​တုန်းက​တွေ့ပြီး အိမ်​​ပေါ်​ခေါ်တင်​လာမှာလည်း မင့်​အ​မေက​ရော ဘာမှမ​ပြောဘူးလား"

ရွှေသိမ်းပိုက်​​ပြောလာမည့်​စကားများကို ​မျှော့်​လင့်​တကြီး ​စောင့်​​နေကြသည်​မှာ ​ကျောက်​ရုပ်​များအတိုင်း မလှူပ်​မယှက်​..

"​မေ​မေက သ​ဘောတူတယ်​ကွ သူကိုယ်​တိုင်​ အိမ်​​ပေါ်​ခေါ်တင်​ဖို့​ပြောတာ ငါနဲ့လည်းအ​ဖော်​ရတယ်​တဲ့ကွာ"

ထိုစကားကိုကြားပြီး​တော့ နိုင်​ထွန်းနဲ့ ​ဇေယျာကိုမှာ ကြက်​ကြီး အစာနှင်​သလို မျက်​လုံးများက နဂိုကထက်​ပိုပြူးလာ​တော့သည်​။

"ဟ...မင့်​အ​မေက သ​ဘောထားကြီးလိုက်​တာကွာ အ​ဖော်​ ရတယ်​လို့​ပြောပုံအရဆိုရင်​ ငါတို့နဲ့ရွယ်​တူမဟုတ်​​တောင်​ ငါတို့ထက်​နည်းနည်းငယ်​မယ့်​ပုံပဲ"

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now