အပိုင်း(27)

285 17 4
                                    

စေ့စပ်​ပွဲပြီး.​နောက်​တစ်​​နေ့တွင်​..မမနှင်းရဲ့. စီစဉ်​မှူနဲ့..​မောင်​မျိုးရဲ့..ပူဆာမှူ​တွေ​ကြောင့်​..အပြင်​သို့သွားရန်​အ​ကြောင်းဖန်​လာပြန်​သည်​။ဦး​အောင်​မြင့်​​ရွှေနဲ့.​​ဒေါ်ခင်​​မေပိုက်​ ကလည်း.ကျွန်​​တော်​နဲ့​ရွှေသိမ်းပိုက်​ကို..ပို၍နီးစပ်​​စေချင်​သဖြင့်​..ဒီကိစ္စ ကို.လိုလိုလားလားနဲ့ခွင့်​ပြုကြသည်​။ရွှေသိမ်းပိုက်​က​တော့..ထုံးစံအတိုင်း..ကျွန်​​တော်​တို့နဲ့မလိုက်​ချင်​​ပေ...သို့​သော်​...ဦး​အောင်​မြင့်​​ရွှေ ရဲ့ တစ်​ချက်​လွှတ်​အမိန့်​ကို..မဖီဆန်​နိုင်​ပဲ..မ​ကျေမနပ်​နဲ့..လိုက်​ပါလာခဲ့​လေသည်​။အရင်​တစ်​​ခေါက်​ကလို..မဟုတ်​..မမနှင်းနဲ့​မောင်​မျိုးက.အ​ရှေ့ခန်းမှာထိုင်​ပြီး..ကျွန်​​တော်​နဲ့​ရွှေသိမ်းပိုက်​က..အ​နောက်​မှာထိုင်​ရသည်​။အတူတူထိုင်​ရ​သော်​လည်း..တစ်​​ယောက်​နဲ့တစ်​​ယောက်​ ​ကျော​ပေးကာ..အပြင်​ဘက်​ကိုကြည့်​ရင်း..လိုက်​လာခဲ့ကြသည်​။

"မမနှင်း...."

"အင်း..​ပြော​လေ..."

"ကျွန်​​တော်​တို့..အရင်​တစ်​ခါ..သွားတဲ့ဆီကိုပဲ..သွားကြမလား."

"ဘာလို့လဲ..​မောင်​မျိုးရဲ့..."

"ကျွန်​​တော်​..အဲ့ဆိုင်​မှာ..စားခဲ့တဲ့.အရသာကို..ထပ်​စားချင်​လို့..."

"စွဲသွားပြီ​ပေါ့.."

"ဟီး....ဟုတ်​.."

"ဒါဆိုလည်း..အဲ့ကိုပဲ..သွားကြမယ်​​လေ.."

""ဟုတ်​..."

"က​လေး​ရေ..ဘယ်​လို..သ​ဘောရလဲ..."

ရုတ်​တရက်​ကြီး​မေးလာတာ​ကြောင့်​..ဘာ​ပြောရမှန်းမသိ ​ကြောင်​ကြည့်​​နေမိပြီး..ကိုယ့်​အ​တွေးနဲ့ကိုယ်​မို့..သူတို့​ပြောတာ​တွေကို..တစ်​ခုမှမကြားလိုက်​..

"ဗျာ....ဘာကိုလဲ..မမနှင်း..."

"က​လေးကလည်း..ဘာ​တွေ​တွေး​နေတာလဲ...ဒီကားမှာ..လူ​လေး..(4)​ယောက်​ပဲ ပါတာကို..မမနှင်းတို့ပဲ ​ပြော​နေရတယ်​.."

"ဟို...သား...အ​တွေးလွန်​သွားလို့်ပါ...မမနှင်းတို့..ဘာ​မေးလိုက်​တာလဲ..."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now