အပိုင်း(38)

316 15 19
                                    

ဇင်​ဇင်​ ​ရောက်​လာပြီး..သိပ်​မကြာခင်​မှာ​တော့..​ဂိုးလ်​ရဲ့အချိုး​တွေဟာ..အရင်​ကနဲ့မတူ​ပြောင်းလဲသွားရပြန်​သည်​။အရင်​ကဆို..ကုမ္ပဏီ ​ရောက်​ရင်​..စာရွက်​စာတမ်း​တွေစီဖို့နဲ့..အခန်းရှင်းဖို့ကို..ကျွန်​​တော့်​ကိုခိုင်း​ပေမယ့်​.ခု​တော့..မဇင်​ကိုပဲလုပ်​ခိုင်းသည်​။နေ့လည်​စာစားချိန်​ဆိုလည်း..ကျွန်​​တော့်​ကို.ချန်​ကာ..သူတို့နှစ်​​ယောက်​ပဲ..ထွက်​စားကြပြီး..လုပ်​ငန်းဆိုက်​ထဲသွားတာကအစ..နှစ်​​ယောက်​သား..အတူတူသွားကြသည်​။အိမ်​ပြန်​တိုင်း..ဦး​အောင်​မြင့်​​ရွှေ က..နှစ်​​ယောက်​သား..အ​ခြေအ​နေဘယ်​လိုရှိလည်း ​မေးရင်​..အဆင်​​ပြေတယ်​ဟု..ဒိုင်​ခံလိမ်​ရသူက..ကျွန်​​​တော်​ပင်​...အဆင်​မ​ပြေတဲ့..အ​ကြောင်း​တွေကို..ထုတ်​​ဖော်​မပြချင်​​တော့ဘူး..အရင်​ကတည်းက..ဒီလိုပဲကြိတ်​မှိတ်​ပြီး​နေခဲ့တာမို့...ဒီတိုင်း​လေးကပဲ..ကျွန်​​တော်​..အဆင်​​ပြေပါတယ်​..

"မဇင်​...ဒီ​နေ့လုပ်​ငန်းဆိုက်​ထဲသွားမှာ..မဟုတ်​လား..."

"ဟုတ်​တယ်​​လေ..."

"အဲ့ဒါ..ကျွန်​​တော်​..."

"M.D.နဲ့..အတူတူသွားမှာ...M.D.က .အတူတူသွားကြရ​အောင်​လို့​ပြောတယ်​.."

"​အော်​.ဟုတ်​ကဲ့..."

ရုံးခန်းထဲဝင်​သွားတဲ့..မဇင်​ကိုကြည့်​ပြီး....တံခါး​လေး..အဖွင့်​မှာ.​ပေါ်လာတဲ့..ဂိုးလ်​ရဲ့. မျက်​နှာ​လေးကို..ခိုးကြည့်​လိုက်​သည်​။မဇင်​ကို..မြင်​​တော့..ပြုံးလိုက်​တဲ့..ဂိုးလ်​ရဲ့..မျက်​နှာ​လေးကို..တံခါးမပိတ်​ခင်​..မြင်​ဖြစ်​​အောင်​မြင်​လိုက်​ရ​သေးသည်​။ဂိုးလ်​က..ပြုံးလိုက်​ရင်​..သိပ်​ချစ်​ဖို့​ကောင်းတာ..ကျွန်​​တော့်​ကို​တော့..တစ်​ခါမှမပြုံးပြဖူး​ပေမယ့်​​ပေါ့..တစ်​အိမ်​တည်း..​နေပြီး..တစ်​ခန်းထဲအတူတူအိပ်​ရတာ​တောင်​..သိပ်​ပြီးမ​တွေ့ဖြစ်​ကြဘူး..ညဆိုလည်း..သူငယ်​ချင်း​တွေနဲ့..​တွေ့ပြီး..ဘယ်​အချိန်​ပြန်​လာသည်​မသိ..မနက်​ဆိုလည်း..ရုံးသွားတဲ့အခါနဲ့..ရုံးဆင်းတဲ့​အချိန်​လေးပဲ..ကားစီးရင်း​တွေ့မြင်​ရ​ပေမယ့်​..အခုဆို..ရုံးဆင်းရင်​​တောင်​..မမနှင်းတို့ကားနဲ့ပဲ..လိုက်​ပြန်​ခဲ့ရသည်​က..ခပ်​များများ..

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now