ရန်ကုန်မြို့ High way လမ်းမကြီး၏ဘေးတွင် ကနုတ်ပန်းသံပန်းတံခါးများနှင့် လှပစွာခြံခတ်ထားသောတိုက်ကြီးတစ်လုံး..တိုက်ကြီးမှာမီးရောင်များကြောင့် ထိန်ထိန်လင်းကာ လှပနေပြီးကျယ်ပြန့်သောခြံဝင်းအတွင်းလျှောက်လှမ်းလေးတစ်လျှောက် မီးဆိုင်း မီးရောင်စုံများ ထွန်း၍အလှဆင်ထားသည်မှာ ကြည့်လိုက်တာနှင့် ချမ်းသာမှူအဆင့်အတန်းကို သိနိုင်သည်။
ထိုတိုက်ကြီး၏ ဧည့်ခန်းထဲတွင် လင်မယားနှစ်ယောက်အနာယူရင်းစကားစမြည်ပြောနေကြသည်။အိမ်အပေါ်ထပ်ရှိ စတီးလက်ရန်းများကိုကိုင်ကာ ဖုန်းပြောရင်း လှေကားထစ်များကိုတစ်ထစ်ဆီကျော်ခွလျက် ပြေဆင်းလာသော တောင့်တောင့်ဖြောင့်ဖြောင့် လူငယ်လေးတစ်ဦး ဂျင်းအနက်ဒူးပြဲဘောင်ဘီရှည်လေးကို စပို့ရှပ်အဖြူလေးဝတ်ကာ အပေါ်ထပ်လက်ရှည် အကွက်အ၀ါလေး ၀တ်ထားသည်မှာ ခန္ဓာကိုယ်နှင့်လိုက်ဖက်စွာ မြင်ရသူအဖို့ ရိုးရိုးရှင်းရှင်းနှင့်ကြည့်လို့်ကောင်းနေသည်။
ဖုန်းပြောနေရင်းဧည့်ခန်းမှမိဘနှစ်ပါး စကားပြောနေသည်ကိုတစ်ချက်လှည့်ကြည့်မိသည်..ဘာရယ်မဟုတ် အခါတိုင်းဆိုဧည့်ခန်းမှာစကားပြောတာ သိပ်မတွေ့ရသည့် မိဘနှစ်ပါးကို ထူးဆန်းစွာကြည့်နေရင်း ပြောနေသည့်အကြောင်းအရာက ဘာများဖြစ်နေမလဲဆိုတာ သိချင်မိ၍ အနားသို့ သွားကာ ဆိုဖာပေါ်တွင်ထိုက်လိုက်သည်။ ဦးအောင်မြင့်ရွှေ သားဖြစ်သူကို တစ်ချက်ကြည့်ရင်း....
"သား...ဒီနေ့ ဘယ်သွားမလို့လဲ"
"အပြင်ခနသွားမလို့ဖေဖေ သူငယ်ချင်းတွေနဲ့ချိန်းထားလို့"
"အပျော်အပါးကို သိပ်မမက်နဲ့ ရွှေသိမ်းပိုက် အလုပ်လေးလုပ်ဖို့စိတ်ဝင်စားအုံး..မင့်အရွယ်ကအပျော်တွေနဲ့အချိန်ကုန်နေရမယ့်အရွယ်မဟုတ်တော့ဘူး"

YOU ARE READING
ခ်စ္မိသြားတဲ့အခါ(ချစ်မိသွားတဲ့အခါ)(Z+U)
Romanceသေချာရဲ့လားလို့ပြန်လည်ဆန်းစစ်ရင်းနဲ့ အမှားတွေပြုလုပ်မိခဲ့တယ် အမှားဆိုတာ လူတိုင်းနဲ့ မကင်းဘူးဆိုတာသိပေမယ့် ကျွန်တော်မှားတဲ့အမှားက သူ့ ဘ၀ကိုအနုနည်းနဲ့သတ်သလိုဖြစ်နေမိတာ ခွင့်မလွှတ်နိုင်ဘူးဆိုတာသိပေမယ့် နောက်ဆုံးအကြိမ်လို့ သတ်...