အပိုင်း(32)

285 18 10
                                    

ရုံးဝတ်​စုံကိုဝတ်​ပြီး..အ​ရေးကြီးသုတ်​ပြာနဲ့.အခန်းထဲဝင်​လိုက်​ထွက်​လိုက်​ လုပ်​​နေတဲ့..ကျွန်​​တော့်​ကို..​အ​ပေါ်ထပ်​က​နေဆင်းလာတဲ့​ရွှေသိမ်းပိုက်​က..​လေသံမာမာနဲ့..​​ပြောလာသည်​။

"မင်း..ဘာလုပ်​​နေတာလဲ..ထွဋ်​မြတ်​ကု​ဋေ.. ."

"ဂိုးလ်​....ကြာလိုက်​တာဗျာ...သား..ရုံး​နောက်​ကျ​နေပြီ..."

"တစ်​ခါတစ်​​လေ ​နောက်​ကျတာပဲကွာ...ဘာဖြစ်​လဲ..."

"ဒီ​နေ့က..ရုံးမှာ...အ​ရေးကြီးဧည့်​သည်​​ရောက်​မှာ...သား..မြန်​မြန်​သွားမှဖြစ်​မယ်​..."

"ဘာ​တွေ ​လော​နေတာလဲ....ငါကားသွားထုတ်​ရုံပဲကျန်​​တော့တာကို..."

"ဒါဆိုလည်း...မြန်​မြန်​သွားထုတ်​​တော့​လေ..ဂိုးလ်​..."

"ငါ့ကို..အမိန့်​လာ​ပေး​နေတာလား...."

"ကျွတ်​စ်​..."

ကျွန်​​တော်​စိတ်​ပျက်​စွာ..စုပ်​တစ်​ချက်​သပ်​လိုက်​သည်​။ မ​နေ့ညကတည်းက.အ​ရေးကြီးဧည့်​သည်​လာမှာမို့..​စော​စောသွားဖို့​ပြောထား​ပေမယ့်​..ခုက..​နောက်​ကျ၍​နေ​လေပြီ..ဒီလို​တွေဖြစ်​မယ်​မှန်းသိလို့...​မောင်​မျိုးနဲ့သွားမယ်​..​ပြော​တော့လည်း..ဟိန်းလား​ဟောက်​လားနဲ့..ခြိမ်း​ခြောက်​​သေးသည်​။ခု​လည်း..မြန်​မြန်​ လုပ်​ဖို့...​ပြောတာကို..အမိန့်​​ပေးတာလားဆိုပြီး..ရန်​ပြန်​​တွေ့​နေပြန်​​သေးသည်​။

"ခု..ငါ့ကို..မ​ကျေမနပ်​ဖြစ်​​နေတာလား.."

"မဟုတ်​ပါဘူး..ဂိုးလ်​ရယ်​..သားတို့မြန်​မြန်​သွားရ​အောင်​...ကားသွားထုတ်​လိုက်​​တော့​နော်​..."

"ဒီမှာ​စောင့်​​နေ...ငါ့ကို..အမိန့်​​ပေးတဲ့ပုံစံမျိုး​တွေလာမလုပ်​နဲ့.."

"ဟုတ်​...."

ကျွန်​​တော့်​ကို..မှူန်​​တေ​တေနဲ့ကြည့်​ကာ..ကားသွားထုတ်​ဖို့.ထွက်​သွား​လေသည်​။ကုမ္ပဏီ ကိုသာ..မြန်​မြန်​​ရောက်​ချင်​​နေတာ​ကြောင့်​..အ၀တ်​အစားကို..​သေချာဂရုမစိုက်​မိ...ကြယ်​သီး​တွေမှားတပ်​ထားမိတာကို..အခန်းထဲက..ထွက်​လာသည့်​..​ဝေမှူံကမြင်​သွားသဖြင့်​..ကျွန်​​တော့်​အနားကို..လာကာ..အင်္ကျီကြယ်​သီး​တွေကို..ပြန်​ပြင်​တပ်​​ပေး​နေသည်​။

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now