အပိုင်း(37)

308 13 2
                                    

မနက်​မိုးလင်းလို့..အိပ်​ယာထ​တော့..ဒဏ်​ရာက နည်းနည်းကိုက်​​နေသဖြင့်​...နဖူး​လေးကို..စမ်းလိုက်​သည်​။မ​နေ့ညက..အဖြစ်​အပျက်​က​ခေါင်းထဲကို..၀င်​ရောက်​လာ​သော​ကြောင့်​..နဖူး​လေးကိုစမ်းရင်း..​တွေး​တောလိုက်​သည်​။
မူးရင်​..တစ်​ခုမဟုတ်​တစ်​ခု..အပြစ်​ရှာတတ်​​ပေမယ့်​...​နေ့တိုင်းအတူတူအိပ်​ရရင်​​တော့..ဒီလိုပဲအမြဲဖြစ်​​နေမှာ..စိုးရိမ်​​နေမိသည်​။

"က​လေး..နိုးပြီလား.."

"ဟုတ်​ကဲ့..မမနှင်း..."

"ဒဏ်​ရာ​ရော..သက်​သာရဲ့လား..."

"ဟုတ်​ကဲ့...."

"ဒါဆို..ထ​တော့​လေ..​အောက်​မှာ..ဘဘတို့​စောင့်​​နေပြီ.."

"ဟုတ်​ကဲ့..."

မမနှင်းထွက်​သွားပြီး​နောက်​..အိပ်​ယာမှထကာ..မျက်​နှာသစ်​​ရေချိုးပြီး..ရုံးဝတ်​စုံကိုဝတ်​ကာ.​အောက်​ထပ်​ကိုဆင်းခဲ့လိုက်​သည်​။အကြင်​ခင်​ပွန်းသည်​​တွေမို့..​ရွှေသိမ်းပိုက်​အခန်းမှာ..အိပ်​ရ​သော်​လည်း..ကိုယ့်​အ၀တ်​စားဗီရိုနဲ့ကိုယ်​မို့..သူ့ရဲ့..ဘီရိုကို​ယောင်​လို့​တောင်​ဖွင့်​မကြည့်​မိ​ပေ...ချမ်းသာတဲ့မိသားစုကမို့....အ၀တ်​အစား​တွေမှာ..တန်​ဖို့းကြီးတဲ့..brand ​တွေပဲဖြစ်​​နေမှာ​တော့..မှန်းမကြည့်​လည်း..သိနိုင်​သည်​။

ထမင်းစားခန်းထဲဝင်​၀င်​ချင်း..​ရွှေသိမ်းပိုက်​မျက်​နှာကို .အရင်​ဦးဆုံးမြင်​လိုက်​ရသဖြင့်​..မျက်​နှာကိုမြန်​မြန်​လွှဲကာ..မမနှင်းအနားတွင်​၀င်​ထိုင်​လိုက်​သည်​။

"သားထွဋ်​...နဖူးက..ဘာဖြစ်​တာလဲ ..."

"ဗျာ....အဲ့ဒါက..ဟို.ဟို..."

"အဲ့ဒါက​လေ..ဘဘ..ညက...​ရွှေ..."

"ညက..​ရေချိုးခန်းထဲဝင်​ရင်း..​ချော်​လဲလို့..နဖူးနည်းနည်းထိသွားတာပါ..​ထွေး​ထွေးထူးထူး..မဟုတ်​ပါဘူး.."

ကျွန်​​တော်​မမနှင်းလက်​ကို..ကိုင်​ကာ​ပြောလိုက်​တာ​ကြောင့်​..အမှန်​ကိုသိ​နေတဲ့..မမနှင်း​ရော..​ရွှေသိမ်းပိုက်​​ရော..ကျွန်​​တော့်​ကို..ကြည့်​လာကြသည်​။ကျွန်​​တော်​မသိချင်​​ယောင်​​ဆောင်​ပြီး..ထမင်းကိုဆက်​စား​နေလိုက်​​​တော့...အားလုံးလည်းဘာမှမ​ပြောပဲ..တိတ်​တိတ်​​လေး ​နေလိုက်​ကြ​တော့သည်​။

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now