4 [Warn]

14.1K 1.7K 29
                                    

စစ်ရိချန် သူ့ကို ဖန်ရှီကျွိကြည့်နေတာကို မြင်လိုက်တော့ အဓိပ္ပာယ်ပါတဲ့ အကြည့်နဲ့ပြန်ကြည့်လိုက်ပီး

"ဖန်ရှီကျွိဘာလို့ငါ့ကို ကြည့်နေတာလဲ? မင်းသူမကို သိလို့လား?"

စစ်ရိချန်ရဲ့အကြည့်ကြောင့် ဖန်ရှီကျွိ သူ့ဆံပင်များပါထောင်သွားရသည်။ စစ်ရိချန်သူ့ကို သတ်ပေးနေတယ်ဆိုတာ ဖန်ရှီကျွိသိလိုက်ရတယ်။ဖန်ရှီကျွီ အကြည့်တေကိုပြင်လိုက်ပီး သူနဖူးပေါ်က ချွေးတေအကုန် အငွေ့ပြန်သွားသလိုပင် ခံစားလိုက်ရသည်။

"မသိဘူး ငါသူမကို မသိဘူး"

ဖန်ရှီကျွိရဲ့ ငြင်းဆန်တဲ့အပြုအမူကြောင့် ရှရုံအံ့ဩသွားပီး သူမတစ်ကိုယ်လုံး ရေခဲတိုက်ထဲရောက်‌သွားသလို အေးစက်သွားခဲ့တယ်။

"ဖန်ရှီကျွိ နင်ငါ့ကို ခြိမ်းခြောက်ခဲ့တာ ချန်ရှုကို လုပ်ကြံဖို့ နင်ပြောခဲ့တာလေ တကယ်လို့ ငါမလုပ်ဘူးဆို ကျောင်းကနေ ထုတ်ပစ်မယ်ဆိုပီး ငါ့ကိုခြိမ်းခြောက်ခဲ့တာလေ"

ရှရုံရဲ့စကားကြောင့်လူအားလုံး မယုံကြည်နိုင်အောင် ဖြစ်သွားပီး လုအုပ်ကြားထဲ ရှိနေတဲ့ ဖန်ရှီကျွိကို ကြည့်နေကြတယ် ဖန်ရှီကျွိ စိတ်ရှုပ်တဲ့အသံနဲ့ ရှရုံကို အော်ပြောလိုက်တယ်။

"ပေါက်ကတေပြောမနေနဲ့!ဒါက မင်းလုပ်တဲ့ကိစ္စလေ ချမ်းသာတဲ့ သခင်လေးကိုအပိုင်ကပ်ပီး သူ့ကို လုပ်ကြံခဲ့တာ မင်းလေ ငါနဲ့ဘာမှမဆိုင်ဘူး!"

ဘာပဲဖြစ်ဖြစ် ရှရုံမှာ သက်သေမရှိနိုင်ဘူး ဖန်ရှီကျွိက ရုရုံကို ခြိမ်းခြောက်ပီး လုပ်ကြံခိုင်းတဲ့ကိစ္စမှာ ရုရုံဆီ သက်သေမရှိနိုင်ဘူးလို့ တထစ်ချယုံထားတာကြောင့် သူလုံးဝန်မခံနိုင်ဘူး

ဖန်ရှီကျွိပြောလိုက်တဲ့ စကားကြောင့် ရှရုံတစ်ကိုယ်လုံး ဒေါသကြောင့် တုန်ယင်လာပီး ဖန်ရှီကျွိကို လက်ညိုးထိုးကာ

" နင့်လို ချမ်းသာတဲ့အိမ်ရဲ့ နောက်လိုက်ခွေးတစ်ကောင်က ဘယ်တော့မှယုံလို့မရဘူးဆိုတာ ငါသိတယ်။စိတ်မကောင်းပါဘူး ကံကောင်းစွာနဲ့ပဲ ငါအသံသွင်းထားခဲ့မယ်လို့ နင်မထင်ထားခဲ့ဘူးမလား ဖန်ရှီကျွိ"

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now