45 [Your Groom]

7.1K 1K 34
                                    

"သခင်ကြီး၊ လင်မိသားစုက သူတို့မလာနိုင်ပေမယ့် လက်ဆောင် ပို့ပေးလိုက်တယ်လို့ ဖုန်းဆက်လာပါတယ်"

စစ်ရယ်နဲ့ အင်ပါယာမြို့တော်မှာနေတဲ့ လင် မိသားစုက စီးပွားရေးအရ ဆက်သွယ်ရှိကြတယ်။မစ္စတာလင် ရဲ့ဇနီးနဲ့ အဖွား ကျောင်းမိန် နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ကြသည်။ မစ္စစ်တာလင် ရဲ့ဇနီးက အေမြို့တော်မှဖြစ်ပြီး နောက်ပိုင်း အင််ပါယာမြို့တော်က လင်မိသားစုနှင့် လက်ထပ်ခဲ့တယ်။ မိသားစုတစ်ခုစီဖြစ်သွားပေမယ့် သူတို့နှစ်ဦးက မကြာခဏတွေ့ဆုံလေ့ရှိတယ်။ မစ္စတာလင် ရဲ့ဇနီး ကွယ်လွန်ပြီး ကျောင်းမိန်နဲ့ စစ်သခင်ကြီးတို့ကြားက ဆက်ဆံရေးလည်း ပြတ်တောက်သွားတာကြောင့် မိသားစုနှစ်ခုလုံး တဖြည်းဖြည်း အဆက်အသွယ် ပြတ်တောက်သွားကြတယ်။

စစ်ရယ် စစ်မိသားစုကို လွဲပြောင်းတာဝန်မယူခင်အချိန်ထိ အဆက်သွယ်မရှိခဲ့ကြဘူး။စစ်ရယ်နဲ့ ရွယ်တူဖြစ်တဲ့ မစ္စတာလင်းရဲ့တတိယသားက စီးပွားရေးလုပ်ငန်းစတင်လာခဲ့တယ်။မကြာခင်မှာပဲ စီးပွားရေးဘက်မှာ ထက်မြက်တဲ့သူဖြစ်လာတယ်။ တိုက်ဆိုင်စွာပဲ နှစ်ဦးနှစ်ဖက် စီးပွားရေးအရအဆက်အသွယ်ရခဲ့ပြီး တဖြည်းဖြည်းအဆက်အသွယ်ပြန်ရသွားကြတယ်။အစစ်မှန်မဟုတ်ပေမယ့် စစ်ရယ်ရဲ့ လက်ထပ်ပွဲလို ကြီးကျယ်တဲ့အခမ်းနားမျိုးမှာ လင် မိသားစုကို ဖိတ်ကြားတာက ကျိုးကြောင်းသင့်လျော်တယ်။

မကြာခင်မှာပဲ လင်ရိရန် ဆီကဖုန်းဝင်လာပြီး စစ်ရယ် ကို သူမလာနိုင်တဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခဲ့တယ်။ လင်ဖိုးဖိုး က အိမ်တော်မှာ ရုတ်တရက် မူးလဲသွားတာကြောင့် သားသမီးမြေးမြစ်တွေ အကုန်လုံးက ကြောက်လန့်တကြားဖြစ်သွားပြီး ဆေးရုံတင်လိုက်ကြောင်း စစ်ရယ်သိလိုက်ရတယ်။ လင်ဖိုးဖိုးက အသက် ၈၀ ရှိပြီဖြစ်တာကြောင့် မိသားစုက ပေါ့ပေါ့တန်တန် မသတ်မှတ်ရဲကြပေ။

စစ်ရယ်က မစ္စတာလင်ရဲ့ အခြေနေကို အနည်းငယ်မေးမြန်းပြီး ဂရုစိုက်ဖို့ပြောကာ လင်ရိရန်နဲ့ ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်တယ်။

မင်္ဂလာပွဲက အနောက်တိုင်းပုံစံဖြစ်သည်။စစ်ရယ် က သူ့အမေနဲ့ ချန်ရှုရဲ့ မိဘတွေကို လက်ဖက်ရည်သောက်ဖို့ စင်ပေါ် မဖိတ်ချင်တာကြောင့် အနောက်တိုင်းပုံစံ မင်္ဂလာပွဲကို စီစဉ်ခဲ့တယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now