46 [Good Boy]

7.5K 1.1K 42
                                    

လက်ထပ်ပွဲပြီးတဲ့ညမှာ ချန်ရှုနှင့် စစ်ရယ်တို့ ပင်မအိမ်တော်ကို ပြန်မသွားကြဘူး။ သူတို့လက်ထပ်ပွဲကို ကျွန်းငယ်လေးတစ်ခုမှာ ကျင်းပခဲ့တယ်။ထိုကျွန်းကို စစ်ရယ်အသက် 18 နှစ်က ဝယ်ခဲ့တာလို့ ကြားတယ်။ ဆယ့်ရှစ်နှစ်၊ ငါ့(ချန်ရှု)အသက် ဆယ့်ရှစ်နှစ်ကိုကြည့်ပါအုံး တကယ်ကို ယှဉ်လို့မရတဲ့သူပဲ။

ညနေရောက်တော့ ချန်ရှု ဝိုင်နည်းနည်း‌ လောက်သောက်လိုက်တယ်။ ရေချိုးပြီးတာတောင် နည်းနည်း မူး‌ဝေဝေဖြစ်နေတုန်းပဲ။ အောက်တိုဘာလ ဆိုတော့ ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာပြီ။စစ်ရယ်က ဗီရိုထဲမှာ ညအိပ်လက်ရှည်ဝတ်စုံတွေကို ပြင်ဆင်ပေးထားတယ်။ချန်ရှုရဲ့ဝတ်စုံက မီးခိုးရောင်ဖျော့ဖျော့လေးဖြစ်ပြီး စစ်ရယ်ကတော့ အနက်ရောင်ညအိပ်ဝတ်စုံဖြစ်သည်။

ဗီရိုထဲကဆင်တူအကျီတွေကိုကြည့်ပြီး စစ်ရယ်က နေရာတကာမှာ ဆင်တူထားရတာကို သဘောကျကြောင်း ချန်ရှုရုတ်တရက်သိလိုက်ရတယ်။ပြောရမယ်ဆို ခွက်၊ သွားတိုက်တံကအစ ညဝတ်အင်္ကျီအထိ သူတို့နှစ်ယောက်လုံးအတွက် စုံတွဲပစ္စည်းတွေ ပြင်ဆင်ထားတယ်။

ရေချိုးပြီးတာနဲ့ သူ့ရဲ့သူဌေးရယ် ဝယ်ပေးထားတဲ့ ပဂျားမားကို ပြောင်းဝတ်ပြီး ရေချိုးခန်းထဲက ထွက်လာလိုက်သည်။စားပွဲပေါ်မှာ နွားနို့ပူပူတစ်ခွက်ရှိနေတာကို တွေ့လိုက်ရတယ်၊ သူရေချိုး နေတဲ့အချိန် လာထားသွားတာဖြစ်ရမယ်။

ပထမတော့ အနည်းငယ် စိတ်လှုပ်ရှားသွားပေမယ့် ချက်ချင်းပဲ ပြန်တည်ငြိမ်သွားတယ်။ အန်ကယ်စစ်က တကယ်ပဲ သူ့ကိုကလေးတစ်ယောက်လိုဆက်ဆံနေတာပဲ။

နို့သောက်ပြီးနောက် သွားတိုက်ကာ သင်ခန်းစာစာအုပ်ကို လွယ်အိတ်ထဲက ထုတ်ပြီး ကုတင်ပေါ်မှာ လှဲလိုက်တယ်။ မင်္ဂလာဦးညမှာ စာကျက်နေရတာ သူတစ်ယောက်တည်းပဲ ဖြစ်လိမ့်မယ်။

ဆယ့်တစ်နာရီခွဲအထိ စစ်ရယ် ပြန်ရောက်မလာသေးဘူး။ စိတ်ပူလာတာကြောင့် ချန်ရှုလက်ထဲကစာအုပ်ကို ချလိုက်ပြီး စောင်ကိုဖယ်ကာ တစ်စုံတစ်ယောက်ကို လိုက်ရှာဖို့ ကြံစည်လိုက်သည်။ချန်ရှုက စစ်ရယ် မူးပြီးလဲနေမှာကို စိတ်ပူနေတယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now