စစ်ကျင် ထပ်မေးချင်နေသေးပေမယ့် နှမြောစရာကောင်းစွာနဲ့ စစ်ရယ်ဆင်းလာတာကို တွေ့လိုက်ရတယ်။ စစ်ရယ်ကိုကြောက်တဲ့အတွက် သူမပါးစပ်ကို နာခံစွာနဲ့ပိတ်ပြီး အသုပ်ကို ဆက်စားနေလိုက်တယ်။
ချန်ရှုက မနက်စာကို တရုတ်အစားစာ စားရတာကို နှစ်သက်ပြီး ဆန်ပြုတ်တစ်ခွက်ပါ စားနေခဲ့တယ်။ စစ်ရယ်က သူ့ဘေးမှာထိုင်ပြီး ဟင်းထည့် ပေးတယ်။
"မနက်စောစော မင်းစိတ်ဆိုးအောင် ဘယ်သူလုပ်တာလဲ"
စစ်ရယ် တိုက်ရိုက်ပဲ မေးလိုက်သည်။
ချန်ရှု ဘာမှ မပြောခင်မှာပဲ စစ်ကျင်ကအရင်ပြောလာတယ်။
"စစ်ရယ်နင့်မိန်းမက ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ နင့်လို ခေတ်နောက်ကျနေရတာလဲ?နင်တို့နှစ်ယောက်လုံး အရမ်းတွေ စည်းကမ်းတင်းကြပ်နေတော့ ဘဝက ဘယ်လိုလုပ် ပျော်စရာကောင်းတော့မှာလဲ"
စစ်ရယ်က သူမကို တစ်ချက်လှည့် ကြည့်လိုက်ပြီး
"မင်း ထိန်းထိန်းသိမ်းသိမ်းနေသင့်တယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရေကူးကန်မှာ လူငယ်နှစ်ယောက်နဲ့ တွဲပြီးဓာတ်ပုံရိုက်ခံခဲ့ရတယ်၊ ဒီသတင်းကို ထိန်းဖို့ ပိုက်ဆံအများကြီး သုံးခဲ့တယ်မလား?"
စစ်ကျင်က မသိချင်ယောင်ဆောင်ပြီး
"နင်ဘာတွေပြောနေတာလဲ? ငါနားမလည်ဘူး။ငါက စစ်မိသားစုကိစ္စတွေကို ဂရုမစိုက်ပေမယ့် သူတို့ကတော့ ငါ့ကိုပဲ အပြစ်လိုက်ရှာနေကြတယ်၊ အဲ့ဒါကြောင့်ပဲ ရက်နည်းနည်းလောက် အပြင်မထွက်ဖို့ အမေက အမိန့်ပေးခဲ့တယ်လေ၊ အရမ်းပျင်းစရာကောင်းတာပဲ"
"ပြောရအုံးမယ် မနေ့က ငါ့အမေနဲ့နင့်အမေ စကားများကြသေးတယ်။ အမေက ဒေါသအရမ်းထွက်ပြီး ငါ့ကိုမနက်အစောကြီး အရည်အချင်းမရှိဘူး တိုးတက်အောင် မကြိုးစားဘူးဆိုပြီး ဆူတော့တာပဲ"
စစ်ကျင်က သူမမျက်နှာကို လက်တစ်ဖက်နဲ့ကိုင်ထားတယ်။တခြား လက်တစ်ဖက်က တူကိုကိုင်ပြီး ပန်းကန်ပြားထဲက ကြက်ဥအပျော့ကို ထိုးဆွနေတယ်။ ကြက်ဥအနှစ်တစ်ဝက်လောက်က ပန်းကန်ပြားပေါ် ပျံ့သွားတယ်။စစ်ကျင်တူကိုသုံးပြီးပန်းကန်ပြားတစ်ခုလုံးကို ကြက်ဥအနှစ်နဲ့ နှံ့သွားအောင်မွှေလိုက်တယ်။

STAI LEGGENDO
ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]
Storie d'amoreပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL] Fully Credit To Author 清麓 ,Original Publisher and English Translator granma_mushroom. For raw ,MTL and E-tran links, kindly check my bio(ARIBRMW) I DON'T OWN THIS NOVEL.Retran...