ချန်မိသားစုမှာ သားသမီးသုံးယောက်ရှိတယ်။ အကြီးဆုံးသား ချန်ဟောင်က ဒီနှစ်မှာ အသက် 20ရှိပြီး တက္ကသိုလ်ဆက်တက်နေတယ်။ ဒုတိယကလေးက ချန်ရှု။ တတိယမြောက်ကလေးကတော့ သမီးလေးဖြစ်သည်။ချန်ယွီချီက အခုနှစ်မှာ အသက်ဆယ့်ငါးနှစ်ရှိပြီး အထက်တန်း ပထမနှစ်တတ်နေဆဲဖြစ်သည်။
အမှန်တိုင်းပြောရရင် ချန်ရှုနဲ့ သူ့မိသားစုနဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူး။ 12နှစ်အရွယ်မှာပဲ စစ်အိမ်တော်ကို အပို့ခံခဲ့ရတယ်။စစ်အိမ်တော်ကို ရောက်ပြီးတဲ့နောက်ပိုင်း သူတို့နဲ့ အတူတွေ့ ဖို့ အချိန်မရှိသလောက်ဘဲ။ တကယ်တော့ စစ်အိမ်တော်ကို အပို့မခံရခင်ထဲ မိဘတွေနဲ့မောင်နှမတွေက သူ့ကို မနှစ်သက်ကြောင်း ငယ်ငယ်ထဲကချန်ရှု သတိပြုမိတယ်။အစ်ကိုဖြစ်ကပင် သူ့ကိုအနိုင်ကျင့်တဲ့နေရာမှာ ခေါင်းဆောင်လုပ်ခဲ့သေးတယ်။
ချန်ယွီချီက သူ့ညီမဖြစ်တာကြောင့် ရံဖန်ရံခါ ပိုက်ဆံတောင်းတတ်တယ်။ သူမ တရားမလွန်သရွေ့ ချန်ရှုက သူမကို မငြင်းခဲ့ဘူး။
ချန်ရှု ယွမ်နှစ်ရာကို ချန်ယွီချီကို လွှဲပေးလိုက်သည်။စစ်မိသားစုကတော့ သူ့ကို ဘယ်တော့မှ ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ဘူး။နေ့တိုင်းရတဲ့ မုန့်ဖိုးတွေ မပြောနဲ့ နှစ်သစ်ကူး အကြို မှာ ထုတ်ပေးတဲ့ ပိုက်ဆံကပင် ချန်ရှု အတွက် တစ်နှစ်စာ သုံးစွဲဖို့ လုံလောက်တာထက်ပိုနေသေးတယ်။ များသောအားဖြင့် အချိန်ပိုင်း အလုပ် တွေ လုပ်ရတာ ကြိုက်တာကြောင့်လဲ ချန်ရှုဆီမှာ ပိုက်ဆံကတော့တကယ်ပေါတယ်။
ဒါပေမဲ့ သူ့အမြင်မှာတော့ ချန်ယွီချီက အထက်တန်းကျောင်းသူလေးတစ်ဦးမျှသာဖြစ်သည်။သူမအတွက် ပိုက်ဆံအများကြီး မလိုအပ်ဘူး။ချန်မိသားစုကလဲ ချန်ယွီချီကို မုန့်ဖိုးများများ တစ်ခါမှမပေးတတ်တာကြောင့် သူကိုယ်တိုင်လဲ အလွန်အကျွံ မပေးလိုက်ပေ ။
ချန်ယွီချီ : နှစ်ရာထဲ?နင်က သူတောင်းစားလား"
ချန်ယွီချီဆီက စာကို မြင်လိုက်ရတဲ့အခါ ချန်ရှုရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားတယ်။
ချန်ရှု : ချန်ယွီချီ မင်းအပြောဆို ဆင်ခြင်ပါ။
ချန်ယွီချီ : ငါပြောတာ ဘာမှားနေလို့လဲ။စစ်မိသားစုမှာ နင်ကတော့ကောင်းကောင်းစားနေရတယ်။ညီမက မုန့်ဖိုးတောင်းတာလေးကိုကျ မပေးချင်ဘူး။နင့်လို တစ်ကိုယ်ကောင်းဆန်ပီး ကပ်စေးနဲတဲ့အကိုမျိုး ငါ့မှာဘယ်လိုလုပ်ရှိမှာလဲ။
ESTÁS LEYENDO
ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]
Romanceပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL] Fully Credit To Author 清麓 ,Original Publisher and English Translator granma_mushroom. For raw ,MTL and E-tran links, kindly check my bio(ARIBRMW) I DON'T OWN THIS NOVEL.Retran...