58 [favour]

4.3K 550 24
                                    

စစ်ရိချန် မိနစ်အနည်းငယ်လောက် စာရွက်ကို မှင်တက်စွာ စိုက်ကြည့်ရင်း

"ငါ... ငါ့ရဲ့ကလေးလား?"

တစ်ဖက်မှာ ထိုင်နေတဲ့အမျိုးသမီး ပေါ့ပေါ့ပါးပါးရီလိုက်ပြီး

"နင်မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ?"

စစ်ရိချန်အတွက် ထူးဆန်းနေဆဲဖြစ်ပြီး

"ဒါပေမယ့်...ငါတို့က တစ်ခါထဲ..."

ဆယ့်ရှစ်နှစ်အရွယ်မှာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရမယ့် အဖေဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ အိပ်မက်မမက်ခဲ့ဖူးဘူး။စားပွဲတစ်ဖက်က အမျိုးသမီးကို ပြန်ကြည့်ရင်း သူ့စိတ်တွေ ရှုပ်ထွေးနေတယ်၊ ​​ဒါကို တစ်ကြိမ်တစ်ခါ အမှားလို့ ထင်ခဲ့ပေမဲ့ ဒီအမှားကနေ အသက်တစ်ချောင်းဖြစ်လာခဲ့ပြီ။

အမျိုးသမီးက ကော်ဖီတစ်ငုံ သောက်လိုက်တော့ စစ်ရိချန် သူမကို စိုက်ကြည့်ကာ

"ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီသောက်လို့ရလို့လား?"

"ဘယ်လိုလုပ်သိမှာလဲ၊ ငါက ကိုယ်ဝန်ဆောင်မှာမှ မဟုတ်တာ"

လို့ အမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။

စစ်ရိချန် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး

"ဘာ?!"

သူရဲ့လှုပ်ရှားမှုက ဆိုင်ထဲက ဧည့်သည်တချို့ရဲ့ အာရုံကို စွဲဆောင်သွားတာကြောင့် စစ်ရိချန် အမြန်ထိုင်ချလိုက်တယ်။

"ဘာလို့...ဘာလို့လဲ" "

"နင်ကဘာလို့ အရမ်းစိတ်လှုပ်ရှားနေရတာလဲ? နင့်ကလေးဆိုတာ မယုံဘူးမလား၊ ငါဖျတ်ချလိုက်ရင်တောင် နင့်ကိစ္စမဟုတ်ဘူး"

အမျိုးသမီးရဲ့အသံက ကြည်လင်နေပြီး သူမရဲ့ ပေါ့ပါးတဲ့လေသံကြောင့် သူမတကယ်ပဲ ဒီကိစ္စကို အလေးမထားဘူးဆိုတာ စစ်ရိချန်သိသွားတယ်။ဒီကလေးက သူမအတွက် ပြဿနာတစ်ခုမဟုတ်ပေ။

ဒါပေမယ့် ဒီကလေးက သူ့ကလေး။ သူ့ရဲ့ သွေးရင်းသားရင်းဖြစ်ပြီး ကမ္ဘာတစ်ခုလုံးမှာ သူနဲ့အရင်းနှီးဆုံးသူပဲ။

ဒီအကြောင်းကိုတွေးလေ စစ်ရိချန် ဒီကလေးကို မစွန့်လွှတ်နိုင်လေပဲ။သူငယ်ငယ်လေးကတည်းက သူ့အမေကို ဆုံးရှုံးခဲ့ရပြီး သူ့အဖေကတော့ သူ့ကိုထားသွားခဲ့သည်။ သူနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သွေးသားရင်းတွေကလည်း လူကောင်းတွေ မဟုတ်ဘူး။မကြာသေးခင်ကမှ ထောင်မင်းကျီတောင် သူ့ကိုကူညီတာ ရပ်လိုက်ပြီ။သူတစ်ယောက်ထဲပဲ သူ့အတွက်ကျန်တော့တယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now