55 [My watch is missing]

5.7K 886 68
                                    

"ငါ့နာရီ ရှာမတွေ့လို့ ၊မင်းတို့ တွေ့မိကြသေးလား"

(Friendly reminder to lovely ongoing reader: Ch-50)

ချန်ရှု အိပ်ဆောင်ပြန်ရောက်တော့ သူစားပွဲပေါ်မှာထားခဲ့တဲ့ နာရီပျောက်နေတာကို တွေ့လိုက်ရသည်။ သူရေချိုးပြီးတော့ စားပွဲပေါ်တင်ထားခဲ့တာ။အိပ်‌ဆောင်က ထွက်လာတဲ့အချိန် နာရီမဝတ်သွားတာကိုလည်း အသေချာမှတ်မိတယ်။နှစ်ရက်လောက်နေရာမှာ မရှိတာနဲ့ နာရီပျောက်သွားမယ်လို့ မထင်ထားခဲ့ဘူး။

"မင်းဟိုတနေ့က ဝတ်ထားတဲ့နာရီ ထပ်ဝတ်သွားတယ်မလား၊ငါတော့ မတွေ့မိဘူး"

ချူးယောင်ယွမ်က ခေါင်းယမ်းပြသည်။ ဇိမ်ခံပစ္စည်းတွေကို စွဲလန်းမှုမရှိတဲ့အတွက် ချန်ရှုရဲ့ နာရီ ဘယ်လောက်ဈေးကြီးမှန်း သူမသိဘူး။

"ဘာ?!မင်းရဲ့ C brand နာရီ ပျောက်နေတာလား?"

ထန်ကျန်းက မျက်လုံးကျွတ်ကျမတတ် အံ့ဩသွားပြီး ချန်ရှုကို ကူရှာပေးဖို့ ပြေးသွားသည်။ဒါပေမယ့် လူသုံးယောက်ရှာတာတောင် အရိပ်ရောင်မတွေ့ရဘူး။

ပျောက်သွားတာ သေချာပြီ။

ချန်ရှု မျက်မှောင်ကျုံ့ပြီး ကျန်တဲ့နှစ်ယောက်ကိုလည်း

"မင်းတို့ထဲမှာလည်း တစ်ခုခုပျောက်သွားလား ရှာကြည့်အုံး"

နှစ်ယောက်လုံး ကိုယ်ပိုင်ဗီဒိုကို အမြန်စစ်ကြည့်ကြသည်။

"fuck,ငါပိုက်ဆံစုပြီး ဝယ်ထားရတဲ့ *ဂိမ်းစက်ဘယ်ရောက်သွားတာလဲ၊ဂိမ်းစက်ဝယ်ဖို့ ပိုက်ဆံထပ်စုရအုံးမှာလား?"

ချူးယောင်ယွမ် မိုးကြိုးပစ်ခံလိုက်ရသလိုပဲ။သူ့မိဘတွေက ဂိမ်းဆော့တာကိုမကြိုက်ကြဘူး။ပိုက်ဆံ ချွေတာသုံးပြီး နိုင်ငံခြားကနေ လှမ်းမှာထားရတဲ့ အကြောင်းကိုတွေးမိရုံနဲ့! ဒီလိုပဲ ပျောက်သွားရလား!

(T/N :*game console

(T/N :*game console

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now