ချန်ရွယ် နဲ့ ဝမ်ချင်း စစ်အိမ်တော်မှာ ရန်ဖြစ်နေကြတဲ့အတွက် နောက်ဆုံးမှာတော့ အကြံစည်တစ်ခုမှမအောင်မြင်ခဲ့ပဲ လုံခြုံရေးအစောင့်တွေနဲ့ ဆွဲထုတ်တာခံလိုက်ရတယ်
သူတို့ထွက်သွားပြီးတဲ့နောက် ချန်ရှုစက်ဘီးစီးပြီး အပြင်မထွက်ခင် အိမ်ထိန်းက ညနေစာစားဖို့ ပြန်လာမှာလားလို့ မေးတယ်။
ချန်ရှုခဏလောက်စဉ်းစားပြီး
"ကျွန်တော် ပြန်မလာဖြစ်လောက်ဘူး " လို့ပြောလိုက်တယ်။
"ကောင်းပါပြီ။"
အိမ်ထိန်း က ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။
ချန်ရှု နေပူထဲမှာ တစ်လမ်းလုံး စက်ဘီးစီးသွားရတာကြောင့် ဘားနားကိုရောက်တဲ့အခါ နဖူးမှာ ချွေးများထွက်ကာ ဖြူဝင်းနေကျအသားအရည်က ခေါင်ရမ်းပန်းကဲ့သို့ အနည်းငယ်နီနေသည်။
လေချွန်သံအကျယ်ကြီးတစ်ခု ရုတ်ခြည်းထွက်လာတာကြောင့် ချန်ရှုကခေါင်း လှည့်ကြည့်လိုက်သည်။ ဘားအ၀င်ဝမှာ ရပ်နေတဲ့လူတစ်ယောက် သူ့လက်ကို ဘောင်းဘီအိတ်ထဲထည့်ကာ ချန်ရှုကို ပြုံးပြနေတဲ့ပုံက သွားတိုက်ဆေး ကြော်ငြာရိုက်နေတဲ့အတိုင်းပဲ။
"လူချောလေး ၊ မင်းမှာ ရည်းစားရှိလား? ငါ့ညီမနဲ့ မိတ်ဆက်ပေးရမလား "
ချန်ရှု စက်ဘီးကိုရပ်ထားလိုက်ပြီး သူ့လက်ကို မြှောက်ကာတစ်ဖက်လူရဲ့ပခုံးကို ပုတ်လိုက်တယ်
"ညီမ?ဘယ်ကညီမကို ပြောနေတာလဲ"
လုဟိုင်က ချန်ရှုပုခုံးပေါ် လက်တင်လိုက်ပြီး
"မင်းမသိသေးဘူးမလား? ငါ့အမေ ကိုယ်ဝန်ရှိမှန်းလွန်ခဲ့တဲ့လက သိလိုက်ရတာ၊ သုံးလတောင် ရှိပြီ"
ချန်ရှု သူ့ပခုံး ပေါ်ကလက်ကို ခါလိုက်ပြီး
"သွားပါကွာ ၊ဒီစကားသာ မင်းအမေကြားရင် မင်းအသတ်ခံရလိမ့်မယ်"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အမေက ငါ့ကိုမိသားစုရဲ့ အဖိုးတန်လေးအဖြစ် ဆက်ဆံနေတုန်းပဲ"
လုဟိုင် သူ့ဘောင်းဘီအိတ်ထဲက စီးကရက်တစ်ဗူးကို ထုတ်ကာ တစ်ချက်လှုပ်လိုက်ပြီး ချန်ရှုပါးစပ်ထဲကို တစ်လိပ်ထဲ့လိုက်တယ်။ ချန်ရှုကလဲ ခေါင်းငုံ့ကာ လက်ခံလိုက်တယ်။
YOU ARE READING
ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]
Romanceပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL] Fully Credit To Author 清麓 ,Original Publisher and English Translator granma_mushroom. For raw ,MTL and E-tran links, kindly check my bio(ARIBRMW) I DON'T OWN THIS NOVEL.Retran...