21 [Weather is Cool]

9.2K 1.5K 65
                                    

စစ်အိမ်တော်ထိလာပြီး သူ့ကို အနှောင့်ယှက်ပေးချင်နေတဲ့ တချို့လူတွေကြောင့် ချန်ရှုစိတ်အခြေနေမကောင်းလာတော့ဘူး။အိပ်ရာကနေထ လိုက်ပြီး တီရှပ်အဖြူနဲ့ ပြဲရာဒီဇိုင်းတချို့ပါတဲ့ဂျင်းဘောင်းဘီကိုဝတ်လိုက်သည်။စစ်ရယ်‌ဝယ်ပေးထားတဲ့ နားကပ်တစ်စုံကနေ ညာဘက်တစ်ခုကိုပဲ တပ်လိုက်တယ်။ အိပ်ရာထစဖြစ်တာကြောင့် ဆံပင်တချို့ပွနေပြီး မသပ်မရပ်ပုံပေါက်နေသည်။

ဒါပေမဲ့ ချန်ရှုရဲ့မျက်နှာအသွင်ပြင်နှင့်အသားရေတို့က တည်ငြိမ်ကြည်လင်တာကြောင့် လမ်းသရဲပုံစံနဲ့မတူနေခဲ့ဘူး။ဆန့်ကျင်ဘက်အနေနဲ့ ရမ်းကားတတ်တဲ့လူငယ်လေးတစ်ယောက်လို ဖြစ်နေသည်။

ချန်ရှုအောက်ထပ်ရောက်လာတဲ့အချိန်မှာ သူ့မိဘတွေက ဆိုဖာပေါ်မှာ လက်ဖက်ရည်သောက်ရင်း မျက်နှာမကောင်းတဲ့ အမူရာနဲ့ထိုင်နေကြတာကို တွေ့လိုက်သည်။ အိမ်ထိန်းက သူတို့ကို ဧည့်ခံနေရတယ်။ ချန်ရှုဆင်းလာတာကိုမြင်တဲ့အခါ အပြုံးတစ်ခုပေါ်လာပြီး

"သခင်လေးရှု မနက်စာစားပြီးသွားပြီလား၊ ဒီနေ့ သခင်ကြီးက သခင်လေးအကြိုက် *လေးမျိုး‌ပေါင်း ဖက်ထုပ်လုပ်ခိုင်းထားပါတယ်"

"ဟုတ်၊ အန်ကယ်ကျုံ့ကို ‌အနှောင့်ယှက်ပေးမိပြီ"
ချန်ရှု သူ့မိဘတွေကြောင့် မနက်စာစားဖို့ နောက်ကျမခံနိုင်ပါဘူး။

"တကယ်လို့ သခင်လေးချန်ရဲ့မိဘတွေလဲ မနက်စာမစားရသေးရင် အတူတူဝင်စားလို့ရပါတယ်"
အိမ်ထိန်းက ချန်ရှုမိဘတွေဘက်လှည့်ပြီး ပြောလိုက်တယ်။

ချန်သခင်ကြီးနဲ့သူ့မိန်းမတို့က ဒေါသထွက်နေတဲ့အကြည့်နဲ့ အိမ်ထိန်းနောက်မှာရှိတဲ့ ချန်ရှုကို စိုက်ကြည့်နေပေမဲ့ အိမ်ထိန်းက သူတို့ကို ကြည့်လာတဲ့အချိန်မှာတော့ ဒေါသကို‌ချက်ချင်းလျော့ချလိုက်ပြီး

"ဒါဆိုရင်တော့ အားနာစရာတွေ ဖြစ်ကုန်ပြီ"

"အဆင်ပြေပါတယ်"
အိမ်ထိန်းက ဒေါ်လေး လျိုကို လှမ်းခေါ်လိုက်ပြီး မီးဖိုချောင်မှာ ပြင်ဆင်ခိုင်းလိုက်တယ်။

ချန်ရှုက ဆိုဖာပေါ်မှာ ပေါ့ပေါ့ပါးပါး ထိုင်နေလိုက်ပြီး ချန်သခင်ကြီးနဲ့ သခင်မချန်တို့ကို လုံးလုံး လျစ်လျူရှုထားလိုက်တယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now