50 [My partner will be jealous]

6.7K 953 37
                                    


အချိန်ကုန်တာ တကယ်မြန်တယ်။မျက်စိတစ်မှိတ်အတွင်း စနေနေ့ရောက်လာသည်။ထန်ကျန်းကအချိန်ပိုင်းအလုပ်တစ်ခုလုပ်ဖို့ မနက်စောစောထွက်ခဲ့သည်။ချူးယောင်ယွမ်ကတော့ အိပ်ပျော်နေတုန်းပဲ။ ချန်ရှုခေါင်းအုံးအောက်က ဖုန်းကိုယူပြီး မျက်လုံး မှေးကြည့်လိုက်တော့ အချိန်က မနက်ကိုးနာရီထိုးနေပြီ။

မနေ့ညက မနက် သုံးနာရီ လေးနာရီလောက်ထိ အိမ်စာလုပ်တာနဲ့ အိပ်ချိန်နောက်ကျသွားတယ်။ သူ့ဘက်က မီးအိမ်အရောင် မှိန်မှိန်ကြောင့်လားမသိပေမယ့် ဝူဘင်က မကျေမနပ်နဲ့ ကုတင်ကို အကြိမ်ပေါင်းများစွာ ကန်နေခဲ့သည်။

ချန်ရှုက နားကြပ်တပ်ထားတာကြောင့် လုံးဝမကြားရပေ။ သူအိပ်တော့မဲ့အချိန်ရောက်တော့ ထန်ကျန်းကသူ့နောက်ကနေ ဖြတ်သွားပြီး တိုးတိုးလေးပြောပြမှ ဘာဖြစ်တယ်ဆိုတာ သူနားလည်သွားတော့တယ်။

ချန်ရှု ရေချိုးဖို့ အိပ်ယာကထပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်တော့မယ့်အချိန် ဝူဘင်က အခန်းတံခါးကိုတွန်းပြီး အထဲဝင်လာသည်။လက်ထဲမှာ အထူးထုတ် သင်ခန်းစာ စာအုပ်များစွာကို ကိုင်ဆောင်ကာ ချန်ရှုကို မှုန်မှိုင်းတဲ့အကြည့် ပေးလိုက်သည်။

အရင်နေ့က ချန်ရှု ညလုံးပေါက်စာလုပ်နေခဲ့တယ်။နောက်နေ့တွေမှာ ဝူဘင်ကစာအုပ်အမြောက်အမြားနဲ့ ပြန်လာခဲ့ပြီး ထမင်းစားဖို့တောင် ဂရုမစိုက်တော့ဘူး။ နောက်ပိုင်း ချူးယောင်ယွမ်နှင့် ထန်ကျန်းတို့ရဲ့ အတင်းအဖျင်းစကား နားထောင်ပြီးမှ ဝူဘင်ဘာဖြစ်နေလဲဆိုတာ သူသိလိုက်ရသည်။ဝူဘင်က သူနဲ့ပြိုင်ချင်နေတာ။

"ချန်ရှု စိတ်မပူနဲ့ ဝူဘင်က မင်းတစ်ယောက်တည်းကို ပစ်မှတ်ထားတာမဟုတ်ဘူး၊ မင်းသိလား ငါ အိပ်ယာထနောက်ကျတဲ့နေ့တုန်းက အဲ့ကောင်က ငါညလုံးပေါက် စာလုပ်လို့နောက်ကျတယ်ထင်သွားရော။ နောက်နေ့ကျတော့ သူက ငါ့ကို တမင်ညှစ်ပြီး မေးတော့တာပဲ။ငါ့မှာတော့ ခိုးကြောင်ခိုးဝှက်နဲ့ စာသင်ခန်းထဲရောက်ဖို့ ဖုံးကွယ်ထားလိုက်ရတာ လည်ချောင်းထဲ သွေးအန်‌မတတ်ပဲ"

ချူးယောင်ယွမ် သူ့ရင်ဘတ်ကို ဖိထားလိုက်တယ်။မျက်နှာကမသာမယာဖြစ်နေပြီး သူ့ရဲ့ပျော်ပျော်နေတတ်တဲ့ စရိုက်တောင်မှ ဝူဘင်နဲ့တွေ့တော့ ဒေါသထိန်းမရဖြစ်သွားတယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now