53[I can't bare the slightest criticism of my man]

5.2K 856 55
                                    

"စာကြည့်ခန်းထဲ လိုက်ခဲ့ ငါမင်းနဲ့ ဆွေးနွေးစရာရှိတယ်"

အဘိုးစွန်းက သူ့ကိုယ်သူ အပြင်လူတစ်ယောက်လို သဘောမထားဘဲ စစ်ရယ်ကို တိုက်ရိုက် အမိန့်ပေးလိုက်တယ်။

ချန်ရှုမသိစိတ်ထဲကနေ လက်သီးဆုပ်ထားလိုက်သည်။များသောအားဖြင့် ထောင်မင်းကျီက ဗီလာမှာပဲ အနေများတာကြောင့် စစ်ရယ်ကို အထက်စီးလေသံနဲ့ပြောတာမျိုး ချန်ရှုမကြားရတာ အတော်ကြာပြီ။အဘိုး စွန်းက အသက်ရွယ်အရ ကြီးတယ်ဆိုရင်တောင် သူ့ကိုမှီခိုနေတဲ့ လူတစ်ယောက်လိုလေသံနဲ့ပြောတာကိုတော့ ချန်ရှုလက်မခံနိုင်ဘူး။

စစ်ရယ်က ချန်ရှုလက်ကိုဆွဲပြီး အဘိုးစွန်းနဲ့အတူ စာကြည့်ခန်းဆီ လျှောက်သွားတယ်။ အဘိုးစွန်း ခေါင်းလှည့်ကြည့်လိုက်တော့ စစ်ရယ်က ချန်ရှုကိုလက်တွဲထားတာ တွေ့လိုက်ရတယ်။သူက မျက်မှောင်ကြုတ်ပြီး

“ငါက မင်းကိုပြောတာ၊ မင်းကသူ့ကို‌ပါခေါ်လာတယ်ပေါ့၊ မင်းဘာလုပ်နေတယ်လို့ထင်လဲ? ငါ့ရဲ့စွန်းမိသားစုက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံလိမ့်မယ် ထင်နေတာလား"

သူက ချန်ရှုကို အေး‌‌စက်စက် စိုက်ကြည့်ရင်း

"မင်းအသက်မငယ်တော့ဘူး၊သူက မိန်းမပျိုလေးမှ မဟုတ်တာ၊ ယောက်ျားအလုပ်ကို ဝင်စွက်ဖက်စရာမလိုဘူး"

ချန်ရှု မတုံ့ပြန်ခင်မှာ စစ်ရယ်က မျက်နှာစောင်းလိုက်ပြီး

"ကြည့်ရတာ လူကြီးမင်းက ကျွန်တော်တို့ကို မကြိုဆိုဘူးပဲ၊ လက်ဆောင်လည်း ပေးပြီးသွားပြီဆိုတော့ အသက်ရှည် ကံကောင်းပါစေလို့ ဆုတောင်းပါတယ်၊ ကျွန်တော်တို့ အရင်ပြန်တော့မယ်"

စစ်ရယ် ထွက်သွားတော့ အဘိုးစွန်းရဲ့ ထုံထိုင်းပြီး တုန်လှုပ်နေတဲ့ မျက်နှာကို မမြင်လိုက်ပေ။

"စစ်ရယ်! ငါပြောနေတယ် ရပ်လိုက်စမ်း!"

အဘိုးစွန်း အသိပြန်ဝင်လာပြီးနောက် စစ်ရယ်ကို အသံကျယ်ကျယ်နဲ့ လှမ်းခေါ်လိုက်တယ်။စစ်ရယ် ဒီအတိုင်းထွက်သွားခွင့်မပြုနိုင်ဘူး။ ဒီနေ့ သူ့ကို ဂုဏ်ပြုဖို့ လာတဲ့သူတွေက စစ်ရယ်ကြောင့်မဟုတ်ရင် ဘယ်သူ့ကြောင့် ဖြစ်နိုင်မှာလဲ။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now