25.1[Do you want to?]

9.3K 1.5K 52
                                    

"စစ်ရယ်၊နင် ရူးသွားပြီ!"

သခင်မထောင်က စစ်ရယ်စကားကြားပြီးပြီးချင်း ပေါက်ကွဲသွားတော့တယ်။မျက်နှာကတည်ငြိမ်မှုမရှိတော့ဘဲ

"နင် တဖြည်းတဖြည်းနဲ့ ပိုပြီးဆိုးရွားလာပြီ နှစ်တွေ ကြာလာတော့ နည်းနည်းလောက်ပြောင်းလဲလာမယ်လို့ ငါထင်ခဲ့တာ။ဘာဖြစ်လို့ ငါ့အပေါ်ဒီလိုလုပ်ရက်ရတာလဲ။ငါ့ကို ဒီလိုမျိုး လက်တုန့်ပြန်ဖို့ အမြဲတမ်းစီစဉ်နေခဲ့တာလား"

"စစ်ရယ်၊ စစ်အိမ်တော်က နင့်အကိုအတွက်ပဲဆိုတာနားလည်ထား၊ အဲ့ဒီ့ကလေးကိုပြန်ရှာတွေ့ရင် နင်ပိုင်သမျှအရာအားလုံး သူ့ကိုပြန်လွဲပေးရမှာ၊ ရှာမတွေ့မချင်း နင့်အကိုရဲ့သား ရိချန်ကို ‌နင့်ရဲ့သားအဖြစ်ထားရမယ်၊ ရိချန်ကသာ ‌စစ်မိသားစုကို အမွေဆက်ခံဖို့ အခွင့်ရေးရှိတဲ့သူပဲ"

"စစ်အိမ်တော်ကို အပြင်လူလက်ထဲ နင်ထည့်ချင်တိုင်း ထည့်လို့မရဘူး!"

စစ်ရယ်က သခင်မထောင်ကို အကြာကြီးစိုက်ကြည့်နေလိုက်ပြီး

"ကျွန်တော်က လက်ထပ်ချင်တာ၊တုံ့ပြန်မှုက ဒီလောက်ကြီး ပြင်းထန်စရာ မလိုပါဘူး သခင်မထောင်"
လို့ပြောလိုက်တယ်

သခင်မထောင်က မနှစ်မြို့စွာကြည့်ပြီး

"ဘာစီစဉ်နေလဲဆိုတာ ငါမသိဘူးလို့ထင်နေတာလား၊ နင်နဲ့ချန်ရှု လက်ထပ်ပြီး နင့်အဖေရဲ့ အမွေတွေကို ရဖို့ ကြိုစားနေတာ"

"ငါသဘောမတူဘူး။စစ်ရယ် နင့်အဖေရဲ့ သေတမ်းစာထဲမှာ ငါ‌သဘောတူ ခေါင်းငြိမ့်တဲ့သူမှသာ လက်ထပ်ရမယ်လို့ ရေးထားတယ်။ငါလုံးဝသဘောတူမှာ မဟုတ်ဘူး"

သခင်မထောင်နဲ့ သူမခင်ပွန်းတို့ ကုမ္ပဏီမှာ အမြဲအလုပ်လုပ်နေကြပေမဲ့ စစ်ရယ်အရွယ်မရောက်ခင်အချိန်တုံးက လိင်တူဆက်ဆံရေးအကြောင်းနဲ့ ဆိုင်တဲ့စာအုပ်တွေကို စစ်ရယ်ရဲ့ စာအုပ်စင်မှာတွေ့ခဲ့တယ်။ချက်ချင်းပဲ နိုင်ငံခြားမှာပညာသင်နေတဲ့ စစ်ရယ်ကို လှမ်းမေးကြသည်။စာအုပ်ထဲကအကြောင်းရာတွေ လေ့လာပြီးသားဖြစ်တဲ့စစ်ရယ်က လိင်တူကြိုက်တာကြီးမားတဲ့ကိစ္စမဟုတ်ဘူးလို့ သတ်မှတ်ထားတာကြောင့် ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်တယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now