24 [I want to marry him]

9.1K 1.6K 55
                                    

" ရှုဇီ ၊ မင်းအထဲရှိနေတာလား ဗိုက်တစ်ခုခုဖြစ်လို့လား?"
လုဟိုင်က စိုးရိမ်တကြီးနဲ့ တံခါးအပြင်ဘက်မှာ ရပ်ရင်း မေးလိုက်တယ်။

ချန်ရှု လက်ကိုဆန့်ထုတ်ပြီး တံခါးဖွင့်လိုက်တဲ့အချိန်မှာ အိမ်သာကို မှီပြီး ‌ကြမ်းပြင်ပေါ်ပုံလျက်သားကျနေတဲ့ ရှရှောင်ထင်းကို တွေ့လိုက်ရတာကြောင့် လုဟိုင်က အံ့ဩသွားတယ်။

"သူက ဘာလို့ဒီမှာရှိနေတာလဲ"

"မင်းကို ဘာမှမလုပ်ခဲ့ဘူးမလား"

လုဟိုင်က ချန်ရှု အဝတ်စားနဲ့ဆံပင်ကို သေချာကြည့်ပြီး အဆင်ပြေ‌မပြေ စစ်ဆေးလိုက်တယ်။ရှရှောင်ထင်းကိုယ်ကတော့ ဖရိုဖရဲ ဖြစ်နေသည်။အရင်အချိန်တွေထဲက ရှရှောင်ထင်း ‌ချန်ရှုကိုလိုက်ကပ်နေခဲ့တာ။ အခုချန်ရှုလဲ အသက်ပြည့်ပြီးသွားပြီဆိုတော့ လုဟိုင် ချန်ရှုအတွက်စိုးရိမ်သွားရတယ်။ ချန်ရှုကို ပြန်စစ်ကြည့်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ အကိုထင်းအရက်မူးနေတာတွေ့လို့ ကျွန်တော်က အန်ဖို့ကူညီပေးနေတာ"

ချန်ရှုက မျက်နှာတစ်ချက်မပျက်ဘဲ လိမ်လိုက်သည်။

လုဟိုင် အနီးကပ်ကြည့်လိုက်တဲ့အချိန် ရှ‌ရှောင်ထင်း ခန္ဓာကိုယ်က အရက်နှင့် ရေမွှေးများ ရောစပ်ကာ အနံ့အသက်ဆိုးများ ထွက်နေသည်။အိမ်သာဘေးမှာရှိနေတဲ့ ရှရှောင်ထင်းကို ရွံရှာစွာကြည့်ပြီး နောက်ပြန်ဆုတ်လိုက်သည်။အရက်မူးပြီး အိမ်သာထဲလာငိုနေတာလား? လုဟိုင် အများကြီးမတွေးတော့ဘဲ ရှရှောင်ထင်းကို ပြန်ပို့ဖို့ ယွမ်ရန်ကို ခေါ်လိုက်တယ်။

ချန်ရှု နဲ့ ကုရှင်းဟောင် ဘားကထွက်လာသည်နှင့် တပြိုင်နက် ချန်ရှုဆီ စစ်ရယ်ထံမှ ဖုန်းဝင်လာသည်။

"ဟယ်လို အန်ကယ်စစ်"

မောက်မာပြီး မာနကြီးတဲ့ သခင်လေး‌ပုံကနေ ရုတ်တရက် အလွန်လိမ္မာရေးခြားရှိတဲ့ပုံကို ပြောင်းသွားတယ်။နာခံမှုရှိတဲ့ ပုံလေးကြောင့် တွေ့တဲ့လူတိုင်း ခေါင်းလေးကို ပုတ်ပေးချင်တဲ့စိတ်ထိန်းမရမှာ အသေချာပင်။

ချန်ရှုရဲ့ပြောင်းလဲသွားတဲ့ အမူအရာကို မြင်လိုက်ရသဖြင့် ကုရှင်းဟောင်က သူ့ကို ချီးကျူးချင်သွားသည်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now