14 [Then,I'll be gentle]

10.3K 1.7K 43
                                    


စစ်မိသားစုမှာရှိနေတဲ့ မွေးစား‌သားသုံးယောက်ထဲမှာ ချန်ရှုဆိုတဲ့တစ်ယောက်ကို စစ်ရိချန်ကြည့်မရမှန်း သူတို့သိထားကြတယ်။စစ်ရိချန်ရဲ့ သူငယ်ချင်း ဖြစ်တဲ့အတွက် သူတို့တွေကလဲ ချန်ရှုကို သဘောမကျကြဘူး။ချန်ရှုက ရုပ်ချောပေမဲ့ အမြဲသူ့ကိုယ်သူ ဖုံးကွယ်လေ့ရှိတာကြောင့် နာမည်ကိုသိတဲ့လူများပေမဲ့ မျက်နှာမြင်ဖူးတဲ့လူက ခပ်ရှားရှားပင်။

အထူးသဖြင့် ဒီမှာရှိနေတဲ့ သခင်မလေးတွေ အများစုက ချန်ရှုကြည့်ကောင်းကြောင်းကို မသိသလို စစ်ရိချန်ကြည့်မရတဲ့သူဆိုတာကိုသာ သိထားကြတာဖြစ်လို့။မျိုးရိုးနဲ့ နာမည်တူတဲ့ သူတစ်ယောက်လို့သာထင်နေကြတယ်။စစ်ရိချန်သူတို့ကြောင့် ဒေါသထွက်မှာကို မလိုလားကြဘူး။သူတို့ရှေ့မှာဆို စစ်ရိချန်က ချန်ရှုအမှတ်တေဘယ်လောက်ဆိုးဝါးပီး ဆင်းရဲသားတစ်ယောက်လို အမြဲနှိမ်ချပြောဆိုခဲ့တာ ဖြစ်သည်။

"ဘာ? ငါ့ကိုပြကြည့်"

ထုန်ကျရှီရဲ့အပြုမူက စစ်ရိချန်ထက် ပိုမြန်နေခဲ့တယ်။ချန်ရှုရဲ့အမှတ်တွေ ကောင်းတယ်ဆိုတာ သူလုံးဝမယုံဘူး။သူ့ထက်တောင် အခြေနေဆိုးမယ်ထင်နေတာ။သူစာမေးပွဲကျတယ်။ချန်ရှုက သူ့ထက် ပိုအမှတ်နည်းပီး စာမေးပွဲကျရမှာလေ!

ထုန်ကျရှီ ဖုန်းကိုယူလိုက်ပီး ဖြန်မျက်နှာပြင်ပေါ်မှာ ချန်ရှုရဲ့ပုံကို တွေ့လိုက်ရတယ်။*မျက်ခုံးက ထက်ထက်မြတ်မြတ်ရှိတဲ့ပုံပေါက်ကာ နူးညံ့နေပီး မျက်လုံးတွေကတောက်ပနေခဲ့တယ်။

ချန်ရှုရဲ့ မျက်နှာကို မြင်လိုက်ရတော့ ဖုန်းကိုပါ ပစ်ပေါက်လိုက်မိတော့မလိုဖြစ်သွားတယ်။

"လုံးဝမဖြစ်နိုင်ဘူး သူခိုးချခဲ့တာ"
ထုန်ကျရှီက ချန်ရှု ဒီပြည်နယ်ရဲ့ အမှတ်များဆုံးသူဖြစ်မယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဘူး။ခိုးချခဲ့တာဆိုရင် ဘယ်သူ့ဆီကဖြစ်နိုင်လဲ။ ဘယ့်သူဆီကဖြစ်ဖြစ် သူကတော့ ဒါကိုလုံးဝယုံမှာမဟုတ်ဘူး။

ထုန်ကျရှီရဲ့ မူမမှန်တဲ့ အပြုမူကြောင့် စစ်ရိချန်က ခနတာ ငြိမ်သက်သွားတယ်။ ထုန်ကျရှီဆီကနေ ဖုန်းကိုလုယူလိုက်ပီး အပေါ်အောက်ဆွဲကြည့်ပီး သတင်းကိုဖတ်နေလိုက်တယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now