18 [Entrance Feast]

10.1K 1.4K 55
                                    

စစ်ရယ် အလုပ်သွားခါနီးအချိန်ထိ သခင်မထောင် စစ်ရယ်ဖုန်းကို မခေါ် နိုင်ခဲ့ဘူး ။ စစ်ရယ် ကိုအမြဲစောင့်ကြည့်နေခဲ့သူဖြစ်တဲ့အတွက် အခုချိန်မှာ သူမလက်ထဲကစွန်က လွတ်သွားပြီဖြစ်ကြောင်း သိလိုက်သည်။

သခင်မထောင်က စစ်ရိချန်ကိုသာ နှစ်သိမ့်နိုင်တာကြောင့် ဝင်ခွင့်အမှတ်များတဲ့အတွက် ပါတီတစ်ခုလုပ်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

စစ်ရိချန် နောက်ဆုံးမှာ မျက်နှာသာအနည်းငယ်ရလာတာကြောင့် သူ့သူငယ်ချင်းများကို အလျင်အမြန် မက်ဆေ့ခ်ျပို့ကာ လာရန် ခေါ်လိုက်သည်။

အောက်ထပ်ကို ဆင်းလာတော့ ဧည့်ခံပွဲကျင်းပဖို့အတွက် ဗီလာမှာ ပြင်ဆင်ထားတာကို တွေ့လိုက်ရတယ်။ အစက သခင်မထောင် ဒီလောက်မြန်မြန်ပြင်ဆင်ပေးမယ်လို့ မထင်ခဲ့သော်လည်း အခုအခါ ပြီးလုနီးနေပြီဖြစ်တာကြောင့် သူ့နှလုံးသားထဲက မကျေနပ်မှုတွေ လွင့်စင်သွားရတယ်။ ချန်ရှုဝင်ခွင့်စာမေးပွဲမှာ နံပါတ်တစ်ရတော့လဲ ဘာဖြစ်လဲ။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးမျိုး သူ့ကို ဘယ်သူမှလုပ်ပေးမှာမဟုတ်ဘူး။

အချိန်တန်ရင် ချန်ရှုမျက်လုံးမှ သွေးများ စီးကျလာသည်ကို စစ်ရိချန်သာ တစ်ဖက်မှာ ကြည့်နေနိုင်မှာပဲ။

အဲဒါကို တွေးကြည့်ရုံနဲ့ စစ်ရိချန်ရဲ့ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အသက်ရှူကြပ်တာတွေ တခဏချင်း ပျောက်သွားတယ်။

"အန်ကယ်ကျုံ့ဒီညပွဲရှိတာလား"

စစ်ရိချန်က အလုပ်များနေတဲ့အိမ်ထိန်းကို အထူးတလည် သွားမေးလိုက်တယ်။

အိမ်ထိန်းက သူ့လက်ထဲမှာရှိတဲ့ ပစ္စည်းတွေကို ချထားလိုက်ပြီး

"ဟုတ်တယ် သခင်လေးချန်"
လို့ ပြန်ဖြေတယ်။

သေချာသွားပြီ ဒါက သူ့အတွက် လုပ်ပေးတဲ့ပွဲပဲ!

စစ်ရိချန် မေးခွန်း ဆက်မမေးတော့ဘဲ သူ့ရဲ့အံ့အားသင့်မှုများ ကို တခြားသူတွေအတွက်မျှဝေရန် အမြန်ထွက်လာလိုက်တယ်။

ချက်ချင်းဆိုသလိုပဲ သူ့လက်ကိုင်ဖုန်းကို ထုတ်ပြီး ပို့စ်တင်ကာ ရှုပ်ထွေးနေတဲ့ ဓာတ်ပုံတစ်ပုံကို တွဲတင်လိုက်တယ်။ လွန်ခဲ့သည့် 18 နှစ်ကျော်က ကျွန်တော့်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ အဖေ့ကို ကျေးဇူးတင်ပါတယ်၊ ဒီညအားလုံး နဲ့တွေ့ကြမယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now