60 [Get rid of]

11.3K 542 53
                                    

ဘယ်လိုလုပ် သူဖြစ်နေတာလဲ?

    ဒါပေမယ့် သေချာစဉ်းစားကြည့်ရင်တော့  သတိထားရမယ့် အရိပ်အယောင်တွေ ရှိနေတယ်။

    ဓာတ်ပုံထဲက လူတစ်ယောက်ဟာ အဖြူရောင်ရှပ်အင်္ကျီဝတ်ထားပြီး အသက် ဆယ့်ခုနစ်နှစ် ဒါမှမဟုတ် ဆယ့်ရှစ်နှစ်လောက်ရှိတယ်။ စိမ်းစိုနေတဲ့ ညောင်ပင်ကြီးတစ်ပင်အောက်မှာ လူငယ်လေးတစ်ယောက် ရပ်နေတယ်။လူတော်တော်များများပြောသလို အချစ်ဦးကို သိမ်းထားကြတာလား?

    "ရှောင်ရှုံးဟော်..."

ချန်ရှု က ဓာတ်ပုံကို အကြာကြီး စိုက်ကြည့်ပြီးနောက် နာမည်တစ်ခုကို
ရေရွတ်လိုက်သည်။

ထိုည(အဘိုးစွန်း မွေးနေ့ပါတီည)မှာ စစ်ရယ်နှုတ်ဆက်တဲ့ ရှောင်ရှုံးဟော်ကို သတိရသွားတယ်။ "ရှောင့်ရှုံးဟော်" အစား "ရှုံးဟော်" လို့ခေါ်ပြီး ရှောင့်ရှုံးဟော် ကလည်း အရင်က ချန်ရှု မသိတဲ့ စစ်ရယ်အကြောင်းကို သဘာဝကျကျ ပြောပြခဲ့သည်။

(TN- ch.53 နောက်ဆုံးမှာ စစ်ရယ်က "ရှုဟော်?" လို့ခေါ်ခဲ့တာပါ။rawနဲ့တိုက်ရင်း "ရှုံးဟော်"ဖြစ်သွားတာပါ။အမလေး အဲ့တာကို သူပဲမှတ်မိ။ ရုပ်တူတဲ့ အကြောင်းကိုလည်း ဖြတ်လျှောက်တွေအရှေ့ပိုင်း မှာပြောဖူးပါတယ် အကွက်စေ့နေရော။ လရောင်ဖြူဟုတ်မဟုတ်ကတော့…)

    ဆယ့်ခုနှစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်အရွယ် ရှောင့်ရှုံးဟော် သည် အထူးသဖြင့် ချန်ရှုမျက်လုံးများနှင့် ခပ်ဆင်ဆင်တူသည်။

    ထုန်ကျရှီ ပြောခဲ့တာတွေက အမှန်ပါပဲ၊ စစ်ရယ်က သူ့နှလုံးသားထဲမှာ လရောင်ဖြူရှိပြီး အဲဒီလူကတော့ စစ်ရယ်ရဲ့ အတန်းဖော်ဟောင်း ရှောင့်ရှုံးဟော် ဖြစ်နေတယ်။

    "မရီး?"

စစ်ရွှယ်ကျိုးရဲ့ အသံကြောင့် ချန်ရှု အတွေးစ ပြတ်သွားတယ်။

    "မင်းငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ"

ချန်ရှု က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

စစ်ရွှယ်ကျိုး က မျက်လုံးကိုမှိတ်ပြီး

"မရီး" လို့ပြောတယ်။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Apr 19, 2023 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Où les histoires vivent. Découvrez maintenant