56 [Eunuch]

10.9K 1K 79
                                    

"ဟားဟားဟား ရှုကော၊ဒီနေ့ စစ်ရိချန်လူတွေကို အထက်စီးကနေ ဆက်ဆံခဲ့တဲ့အကြောင်းပဲ တစ်နေကုန်ပြောနေကြတယ်၊ သူ့လက်ထဲမှာ အရာအားလုံး ရှိနေသလို ဟန်ဆောင်ခဲ့တာလေ"

ထန်ကျန်းကုတင်ပေါ်မှာ လှဲပြီးဖုန်းကြည့်နေရင်း ဝမ်းသာအားရ ခြေထောက်ကိုလေထဲမှာကန်ထုတ်လိုက်သည်။

စစ်ရိချန် အရင်က အကျပ်တည်းဖြစ်နေပေမယ့် အတန်းဖော်တွေကြားထဲ မျက်နှာရတာကို သဘောကျတဲ့အတွက် သခင်မထောင်ဆီက ပိုက်ဆံတောင်းပြီး ချမ်းသာတဲ့သခင်လေးပုံရိပ်ကို ထိန်းသိမ်းဖို့ရာ အသုံးပြုခဲ့သည်။ဒီလိုဟန်ဆောင်ရတာ အတော်လေးခက်ခဲမှာပဲ။အခု ချန်ရှု‌နာမည်ကြီးနေတာကို မြင်ရတော့ သူအရမ်းဝမ်းသာတယ်။

"စစ်ရိချန်ကို အိမ်ကပိုက်ဆံတောင်းသုံးနေရတဲ့‌သူဌေးသားလေး၊ မင်းကမှ တကယ့် ပါးပါးအစစ်လို့ပြောနေကြတယ် အဟားဟားဟား"

ထန်ကျန်းအိပ်ရာပေါ်ကနေ ထလာပြီး စတော့ဈေးကွက်ကို လေ့လာနေတဲ့ ချန်ရှုကို မေးလိုက်သည်။

"ချန်ရှု၊ မင်းအိမ်က အရမ်းကြီးတယ်မလား?အိမ်ထဲရောက်သွားရင် လမ်းပျောက်သွားနိုင်‌လား?အမွှေးအရှည်ကြီးနဲ့ခွေးရော မွေးထားသေးလား?ငါတီဗီထဲမှာ အကုန်မြင်ဖူးတယ်"

ချန်ရှုက ဈေးကွက်ကြည့်နေတဲ့ website ကနေ မျက်နှာမဖယ်ဘဲ ပြန်ဖြေသည်။

"တီဗီ လျှော့ကြည့်"

ထန်ကျန်းနဲ့ ချူးယောင်ယွမ် နှစ်ယောက်လုံး တီဗီ လျှော့ကြည့်သင့်တယ်။မဟုတ်ရင် သူတို့နှစ်ယောက်စလုံး ဦးနှောက်ပိုကြီးလာရင် မလွယ်ဘူး။

"ဒေါက် ဒေါက် ဒေါက်"

ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ထန်ကျန်းက ချူးယောင်ယွမ် သော့ယူဖို့ မေ့သွားလို့ ပြန်လာတယ်ထင်ပြီး ချန်ရှုလည်း သူနဲ့အတွေးတူတူပဲ။‌နေရာကထပြီး တံခါးဖွင့်ပေးလိုက်သည်။မထင်မှတ်ဘဲ အဆောင်တာဝန်ခံနဲ့ နွမ်းပါးတဲ့ လင်မယားနှစ်ယောက် တံခါးရှေ့မှာ ရပ်နေတာကိုတွေ့လိုက်ရသည်။

သူတို့မျက်နှာက အရေးကြောင်းတွေထင်းနေပြီး အသားရေကလည်း ခြောက်သွေ့နေသည်။ဝတ်ထားတဲ့ အရောင်လွင့်ချည်သားအင်္ကျီက ကော်လံနဲ့လက်ဖျားမှာ ပိုပြီးသိသာသည်။ပုခုံးကိုကျုံ့ထားပြီး တခုခုပြောဖို့ တွန့်ဆုတ်နေသလို ဝမ်းနည်းတဲ့အမူရာနဲ့ အဆောင်တံခါးအရှေ့မှာ ရပ်နေသည်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now