57 [Shū Zhí]

4.5K 479 31
                                    

"fuck!ငါ့နတ်ဘုရားမမှာ ဘာလို့ အပုပ်ပွသတင်းတွေ အများကြီး ရှိနေရတာလဲ?ငါတော့ လုံးဝမယုံနိုင်ဘူး"

ချူးယောင်ယွမ် လန့်ဖြန့်ပြီး အိပ်ရာပေါ်ကနေ ဆတ်ခနဲ ထထိုင်လိုက်သည်။

"မင်းရဲ့နတ်ဘုရားမက လက်ဖက်စိမ်းပါလို့ ငါပြောသားပဲ၊ မင်းမှမယုံတာ"

ထန်ကျန်းလည်း weibo မှာကြည့်လိုက်သည်။တကယ်တော့ လွန်ခဲ့တဲ့2ရက်ထဲက ဒီသတင်းကိုတွေ့ပြီးသား ချူးယောင်ယွမ်ကို တမင်မပြောခဲ့တာ။ချူးယောင်ယွမ် လက်မခံမှာကို စိုးရိမ်လို့ မပြောခဲ့ပေမယ့် မြင်ဖြစ်အောင်မြင်သွားသေးတယ်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!သူမက အရမ်းလှပပြီးနူးညံ့တာကို ဒိီလိုလူမျိုးလုံးဝ မဟုတ်ဘူး"

ချူးယောင်ယွမ် မယုံနိုင်ဘူး။သူ့ရဲ့နတ်ဘုရားမက တကယ်တော့ မျက်နှာ နှစ်ဖက်နဲ့လက်ဖက်စိမ်းဖြစ်နေခဲ့တယ်။သူမအတွက် ခြိမ်းခြောက်မှုဖြစ်လာမဲ့ လူသစ်တွေ့တာနဲ့ သူမရဲ့အရှိန်ဝါကို သုံးပြီး ဖိနှိပ်သေးတယ်။

ပိုင်ချူးယွီ ပွဲဦးထွက်တုန်းက အကြောင်းတွေပါ ပေါ်လာသည်။သူ့နောက်မှာ ရွှေပေါင်လုံးကြီး ရှိနေပြီး ပိုင်ချူးယွီကို တောက်လျှောက် ထောက်ပံ့ပေးခဲ့သည်။ဒါပေမယ့် တစ်ဖက်လူက ပိုင်ချူးယွီရဲ့ အဖေအရွယ်လောက်ရှိပြီး မိသားစုပါရှိနေသည်။ပိုင်ချူးယွီက ထိုလူရဲ့ မိန်းမနဲ့ ဆက်ဆံရေးကောင်းရှိသလိုပါ ဟန်ဆောင်ခဲ့သည်။ဇနီးသည်က ပိုင်ချူးယွီကို သမီးအရင်းလို ဆက်ဆံခဲ့သည်။နောက်ပိုင်းမှာ ပိုင်ချူးယွီနဲ့ သူမခင်ပွန်းအကြောင်းသိသွားခဲ့တယ်။သူမက ရွံစရာကောင်းတဲ့ ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုက်သည်။ ဒါက ပိုင်ချူးယွီနဲ့ သူမရဲ့ ရွှေပေါင်လုံး လမ်းခွဲရတဲ့ အကြောင်းရင်းဖြစ်လာခဲ့သည်။

အခုလို အကြောင်းရာတွေနဲ့ ရိုက်ချခံလိုက်ရတဲ့ ပိုင်ချူးယွီဖန်တွေ တစစီပြိုလဲမတတ်ဖြစ်သွားသည်။

စစ်ရယ် ကုတ်အင်္ကျီယူပြီး အပြင်ထွက်ဖို့ပြင်လိုက်သည်။ဒီနေ့ ချန်ရှု အိမ်ပြန်လာမဲ့နေ့မှာ အလုပ်တွေကို ခက်ခက်ခဲခဲ အပြီးသတ်ထားတယ်။စစ်ရယ်အလုပ်ချိန်အတိုင်း အိမ်ပြန်တာကို မြင်တော့ ကုမ္ပဏီကဝန်ထမ်းတွေ အံ့အားသင့်သွားတယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now