36 [Imaginary]

10.2K 1.3K 28
                                    

ချန်ရှုအတွေးတွေ မရေမရာဖြစ်နေတာကြောင့် စစ်ရယ်ပြောနေတဲ့ လက်ထပ်ပွဲအကြောင်းကို အာရုံမစိုက်နိုင်ခဲ့ဘူး။စစ်ရယ့်သွမ်ကတော့ ချန်ရှုဆွဲထားတဲ့ သူရေချိုးတပက် ဝတ်ထားတဲ့ပုံအပါအဝင် တခြားပုံတစ်ချို့ကိုယူသွားဖို့ ခွင့်တောင်းလိုက်သည်။

စစ်ရယ် အခန်းပြင်မထွက်ခင်မှာ ဒီပုံကိုဘောင်သွင်းထားမယ်လို့ ပြောလိုက်တယ်။ချန်ရှုရှက်သွားပြီး မလုပ်ဖို့ သေချာပြောမှာလိုက်တယ်။အဲ့လိုသာမြင်နေရမယ်ဆိုရင် သူတကယ်အရှက်မရှိခဲ့ဘူးလို့ ထင်မိတော့မယ်။

နောက်ပိုင်း ချန်ရှု စစ်ရယ်အခန်းထဲရှိ ဘောင်သွင်းထားတဲ့ပုံကိုမြင်တဲ့အခါမှသာ စစ်ရယ်အစတည်းက သူ့စကားကို နားထောင်ဖို့ ရည်ရွယ်ချက်မရှိကြောင်း နားလည်သံားလိမ့်မယ်။

ဒါပေမယ့် အဲ့ဒါထက် ပြောစရာတစ်ခုရှိသေးတယ်။ချန်ရှု မျက်နှာတကယ်ပင် ပူလောင်နေပြီဖြစ်သည်။စစ်ရယ် ထွက်သွားပြီးနောက် နီမြန်းနေတဲ့မျက်နှာကို လက်မောင်းထဲထည့်ကာဖုံးကွယ်ကာ ကုတင်ပေါ်တွင် လှဲလျောင်းရင်း သူ့ဦးနှောက်က ထိန်းမနိုင်သိမ်းမရ စိတ်ကူးယဉ်ခဲ့မိတဲ့ မြင်ကွင်းကို ပြန်လည် တွေးကြည့်လိုက်သည်။

"အရူး..."

ချန်ရှု စောင်ကို ဘေးလှန်လိုက်ပြီး လှိမ့်ဝင်သွားကာ သူ့မျက်နှာတစ်ခုလုံးကို စောင်ထဲတွင် မြှုပ်လိုက်သည်။

သူထင်မြင်နေတဲ့အရာတွေကြောင့် ချန်ရှုသူ့စိတ်တွေပုံမှန်မဟုတ်တော့ဘူးလို့ ခံစားနေရတယ်။

ထိုညက ချန်ရှုကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ သူ့အိပ်မက်တွေက ထူးဆန်းတယ်။နိုးလာပြီးတဲ့နောက်မှာ သူဘာအိပ်မက်မက်ခဲ့သည်ကို အတိအကျ မမှတ်မိသော်လည်း သူ့တစ်ကိုယ်လုံး အပူဒဏ်ဖုံးလွှမ်းနေပြီး လည်ပင်းမှာလည်း ချွေးတွေစို့နေတယ်။

ချန်ရှုထထိုင်ပြီးနောက် သူ့ရဲ့‌ အောက်ပိုင်း တစ်နေရာမှာ ဖောင်းခုနေတဲ့စောင် ကို ငုံ့ကြည့်လိုက်တော့ စိတ်ပျက်လက်ပျက်ဖြစ်သွားကာ တိုးတိုးလေး ကျိန်ဆဲလိုက်သည်။

ကုတင်ဘေးစားပွဲပေါ်က ဖုန်းကိုယူပြီး အချိန်ကိုကြည့်လိုက်တော့ ခြောက်နာရီထိုးနေပြီ။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now