42 [Si Ye is getting married]

7.2K 1.1K 53
                                    

"ချန်ဟောင် မင်းကဒီညရဲ့ဇာတ်လိုက်ဖြစ်ပြီး နောက်ကျတဲ့အတွက် အပြစ်ပေးခံရမယ်!"

ချန်ဟောင်က ရိုးရိုးရှင်းရှင်းပဲ ဝိုင်တစ်ခွက်ကို ယူပြီးမော့သောက်ကာ သူတို့အဖွဲ့ရဲ့ ချီးမွမ်းသံတွေကို လက်ခံလိုက်တယ်။

"အားလုံးပဲ ဒီကိုလာပေးကြတဲ့အတွက် ကျေးဇူးကွာ၊ ပျော်လိုက်ကြရအောင်!"

ချန်ဟောင်က ခေါင်းဆောင်ပြီး ရှားရှားပါးပါး ပွဲလုပ်တဲ့အခါမှာ သူကအရမ်းရက်ရော‌နေတယ် ။ ထုံးစံအတိုင်း၊ သူ့သူငယ်ချင်းများ၊ သူငယ်ချင်းလို မြေခွေးတွေက ဝိုင်ပုလင်းများများဖွင့်လိုက်ကြပြီး ဝမ်းသာအားရဖြင့် အသည်းအသန်‌မြှောက်ပင့်ကြတယ်။ ချန်ဟောင်က ပေါ့ပေါ့ပါးပါးအမူရာနဲ့ ပိုက်ဆံတွေကို ထုတ်ပေးတယ်။လူတိုင်းက သူ့ကို ထပ်ပြီး မြှောက်ပင့်လာကြသည်။

"သခင်လေးချန်၊ ငါအိမ်မှာ ကိစ္စတစ်ခုရှိတာနဲ့ နောက်ကျသွားတယ်၊ တောင်းပန်ပါတယ်"

ချန်ဟောင်က စစ်ရိချန်ထောင့်တစ်နေရာမှာ တိတ်တဆိတ် ထိုင်သောက်နေတာကိုတွေ့တော့ ချက်ချင်းပဲ သွားနှုတ်ဆက်လိုက်တယ်။

စစ်ရိချန် ရောက်ရောက်ချင်းတုန်းက လူအတော်များများ လာနှုတ်ဆက်ကြပေမဲ့ သူစိတ်အခြေနေမကောင်းတဲ့အတွက် အားလုံးကိုမသိချင်ယောင်ဆောင်ထားလိုက်ပြီး တစ်ယောက်တည်းထိုင် သောက်နေခဲ့တာ။လူတွေကလည်း စစ်ရိချန်နဲ့စကား ပြောချင်ကြပေမဲ့ စိတ်အခြေနေကို သွားမဆွရဲတာကြောင့် ဘယ်သူမှမနှောင့်ယှက်ရဲကြပေ။

ချန်ရှုအတွက် စစ်ရိချန်ကိုအပြစ်ပေးခဲ့တယ်လို့ ကြားပေမဲ့ စစ်ရိချန်က စစ်ရယ်ရဲ့ ‌စောင့်ရှောက်မှုအောက်မှာ ရှိနေဆဲဖြစ်တာကြောင့် စစ်ရိချန်နဲ့ အဆက်သွယ်ရှိချင်ကြတယ်။ချန်ရှုကြောင့် အပြစ်ပေးခံရတယ်ဆိုရင်တောင် စစ်ရိချန်က စစ်ရယ်ရဲ့ သားဖြစ်နေတုန်းပဲ။စစ်ရိချန်ရဲ့လက်‌ဖျားကို တွယ်ကပ်ပြီး အကျိုးမြတ်သေးသေးလေးရမယ်ဆိုရင်တောင် သူတို့အတွက် ကျေနပ်စရာပင်။

ချန်ဟောင်ရဲ့အိမ်မှာ ကိစ္စရှိလို့ နောက်ကျသွားတဲ့အကြောင်း ကြားလိုက်ရတော့ ချန်ရှုက ချန်ဟောင်ရဲ့ညီဆိုတာကို သတိရလိုက်တယ်။ဒီနေ့က ချန်ဟောင်ရဲ့မွေးနေ့ပဲ ပုံမှန်ဆို ချန်ရှုက အိမ်ပြန်လာပြီး ချန်ဟောင်ကို ဂုဏ်ပြုပေးရလိမ့်မယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now