32 [Wedding Announcement]

8.5K 1.3K 43
                                    


သစ်အယ်စေ့ : ဘာဖြစ်လို့လဲ?

ချန်ရှု : ငါအခန်းထဲပြန်ရောက်တော့ မင်းစားပွဲက ရွေ့နေလို့

သစ်အယ်စေ့ : Fuck! မင်းအပြင်ထွက်ထွက်ချင်း ငါအချိန်ပိုင်းအလုပ်ကိုထွက်လာခဲ့တာ၊ ဝူဘင်ဆိုတဲ့ကောင် အိပ်ဆောင်မှာရှိနေတာမလား၊ သူရွေ့တာလား

ချန်ရှု : မသိဘူးလေ ၊ ဘာပဲဖြစ်ဖြစ် မင်းဂရုစိုက်နေသင့်တယ်

သစ်အယ်စေ့ : ကောင်းပြီ၊ ကျေးဇူးပဲကွာ

ချန်ရှုကျောင်းနှင့် ခပ်လှမ်းလှမ်း ထောင့်တစ်နေရာသို့ တမင်တကာ လမ်းလျှောက်သွားပြီး စစ်ရယ်ကို သူ့တည်နေရာကိုပို့ပေးလိုက်သည်။စစ်ရိချန်လို လူအာရုံစိုက်မခံချင်ပေ။ မိနစ်အနည်းငယ်စောင့်ပြီးနောက် စစ်ရယ်ကားက သူ့ရှေ့မှာ ရပ်လာသည်။

စစ်ရယ် ကားပြတင်းပေါက်ကို ချလိုက်ပြီး ခန့်ညားတဲ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး

"ကောင်လေး ၊ ကိုယ့်အိမ်ကို လိုက်ခဲ့ချင်လား"

လမ်းမတွင် အဝါရောင်မှိန်ဖျော့ဖျော့ မီးလုံးများရှိနေပြီး ညဘက်ကောင်းကင်ယံကို အလှဆင်ထားတယ်။ ကြယ်လေးတွေတောက်ပနေပြီး စစ်ရယ်ကတော့ ကောင်းကင်ပေါ်က ကြယ်တွေထက်တောင် ပိုတောက်ပနေခဲ့တယ်။

ချန်ရှုက သွားလေးတွေပေါ်လာတဲ့အထိ ပြုံးလိုက်ပြီး

"အန်ကယ်စစ်က မလွယ်ဘူးပဲ"

စစ်ရယ် သဘောကျစွာရယ်လိုက်ပြီး ကားတံခါးကူဖွင့်ပေးကာ ချန်ရှုကိုဝင်ထိုင်ခိုင်းလိုက်တယ်။

ညစာကို တရုတ်စာ စားဖို့ စီစဉ်ထားပြီး စစ်ရယ်ကသိပ်မစားခဲ့ပေ။ အများစုကို ချန်ရှုသာ စားခဲ့သည်။ ချန်ရှုရဲ့အစာစားနိုင်စွမ်းက အတော်လေးမြင့်တယ်။ စားနေချိန်မှာတော့ သူ့ပါးလေးတွေက ဆောင်းရာသီအတွက် ပြင်ဆင်ဖို့ အစာစုနေတဲ့ ရှဉ့်လေးလိုပဲ ဖောင်းကားနေတယ်။

စစ်ရယ်က ချန်ရှုရဲ့ မျက်နှာချင်းဆိုင်ထိုင်ခုံမှာထိုင်နေပြီး သူစားနေတာကို ကြည့်နေတယ်။ စစ်ရယ် ကြည့်လေလေ သူ့ပေါင်ပေ့ က အရမ်းချစ်စရာကောင်းတယ်လို့ ခံစားရလေလေပဲ။ ကံမကောင်းစွာနဲ့ ချန်ရှုရဲ့ကျောင်းက ကျောင်းသားလေးတွေအကုန်လုံး ကျောင်းဝင်းထဲမှာပဲ နေရမယ်လို့ ပြဌာန်းထားတာကြောင့် နေ့တိုင်း မတွေ့ရတော့ဘူး။ သူဒီကိစ္စကို ကန့်ကွက်ပြီး ချန်ရှုသူငယ်ချင်းအသစ်တွေရလာမှာကို မဟန့်တားချင်ဘူး။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now