38 [Rumour]

7.2K 1.2K 45
                                    

ချန်ရှု အိပ်ဆောင်ကိုပြန်ရောက်တဲ့အချိန်မှာ ထန်ကျန့်က ဝူဘင်ကို အေးစက်စွာစိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

"ဘာဖြစ်ကြတာလဲ"

ချန်ရှု အမြန်သွားပြီး ချူးယောင်ယွမ်ကို မေးလိုက်သည်။

ချူယောင်ယွမ်အမူရာက အနည်းငယ်တောင့်တင်းနေပြီး ချန်ရှုကို တိုးတိုးလေးရှင်းပြတယ်။

"ငါတို့ပြန်ရောက်ရောက်ချင်း ဝူဘင်က ထန်ကျန့်ရဲ့ သွားတိုက်ဆေးကို ခိုးသုံးနေတာ တွေ့လိုက်ရတယ်။ထန်ကျန့်က ဘာလို့သုံးတာလဲမေးတာကို ဝူဘင်က သူမှားသုံးမိတာလို့ပဲပြောနေတာ"

ပိုက်ဆံခိုးတာ ဖုန်းခိုးတာတို့ကို ချန်ရှုကြားဖူးပေမဲ့ သွားတိုက်ဆေးခိုးတာကိုတော့ ပထမဆုံးအကြိမ်ကြားဖူးတာပဲဖြစ်သည်။

"ငါ့သွားတိုက်ဆေး‌က ခနခနအကုန်မြန်နေတယ်လို့ထင်နေတာ အခုမှပဲ အဖြေပေါ်တော့တယ်"

သွားတိုက်ဆေးက နိုင်ငံခြားတံဆိပ်ဖြစ်ပြီး ဈေးနှုန်းသည်လည်း ထန်ကျန့်အတွက် ‌သက်သာတဲ့အထဲမှာပါတယ်။ဒါပေမဲ့ သုံးရတာအဆင်ပြေတာကြောင့် မြန်မြန်ကုန်မှာစိုးလို့ ဖိပြီးတောင်မညစ်ရက်ဘူး။ဒါပေမဲ့ ဒီကောင်က ခိုးသုံးနေတဲ့အပြင် အများကြီးတောင် ညစ်ထားသေးတယ်။

ဝူဘင် က သူ့ကို မှုန်ကုပ်ကုပ်နဲ့ စိုက်ကြည့်ပြီး

"ငါမှားသွားတာလို့ ပြောပြီးပြီ၊ သွားတိုက်ဆေးကို ဘယ်သူကခိုးမှာလဲ၊ မင်းရဲ့မိန်းမဆန်တဲ့ ပစ္စည်းကို ငါလဲမသုံးချင်ဘူး..."

"ဟက်၊ ငါ့ကို အော်ရယ်အောင်လုပ်နေတာပဲ။ မင်းကို ငါဘာလုပ်လို့လဲ။သူခိုးတောင် မင်းထက်ဉာဏ်ပိုကောင်းအုံးမယ်"

ထန်ကျန့်မှာသည် ထက်ရှတဲ့ပါးစပ်ရှိပြီး ပြင်းပြင်းထန်ထန် ရန်ဖြစ်ကြတဲ့အခါမှာတော့ ဝူဘင်က သနားစရာကောင်းတဲ့အနိုင်ကျင့်ခံရသည့်ကလေးတစ်ယောက်နှင့်ပင်တူသွားသည်။ .

"သူခိုး" ဟူသော စကားလုံးကို ဝူဘင် စိတ်ဆိုးသွားပုံရတယ်။တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး လက်သီးတင်းတင်းဆုပ်ထားကာ ထန်ကျန့်ကို မုန်းတီးစွာနဲ့

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now