40 [Are you in love?]

8.2K 1.1K 24
                                    

စစ်ရယ်ရဲ့ မေးမြန်းမှုအောက်မှာ ချန်ရှုသူတီးဝိုင်းမှာပါဖြစ်ခဲ့တဲ့ အကြောင်းကုန်ရှင်းပြလိုက်ရသည်။

ချန်ရှုက တီးဝိုင်းအဖွဲ့ကို သင့်တော်တဲ့ စီးပွားရေးတစ်ခုလို့ထင်ပေမဲ့ လူကြီးတွေကတော့ အကျိူးရှိတဲ့အရာလို့ မထင်ကြဘူး။စစ်ရယ်မိဘတွေက စစ်ရယ်ရဲ့တည်ရှိမှုကို အမြဲတမ်းသတ်မှတ်ပေးထားပြီးရှေ့ရေးကို ဆုံးဖြတ်ပေးတတ်တာကြောင့် ချန်ရှု ဒီရှုထောင့်နဲ့ပက်သက်ပြီး စစ်ရယ်နဲ့ မပြောဖြစ်ခဲ့‌ပေ။

"အဆင်ပြေသားပဲ"

စစ်ရယ်သည် ချန်ရှုရဲ့အဖွဲ့ကို သိပြီးသားဖြစ်သော်လည်း ချန်ရှုကထုတ်မပြောတာကြောင့် စုံစမ်းမှုသိပ်မလုပ်ခဲ့ဘူး။

"အန်ကယ်စစ် ကျွန်တော်က ‌အပျော်ကစားနေတယ်လို့ မထင်ဘူးလား?" ချန်ရှု အံ့သြသွားတယ်။

စစ်ရယ်က ပြုံးပြီး

"ဘာလို့ အဲလိုထင်ရတာလဲ၊ ဒါက မင်းရဲ့ ကိုယ်ပိုင် ဝါသနာလေ" လို့ ပြောတယ်။

ချန်ရှုရဲ့မျက်နှာက အံ့ဩသွားတာ သိသာနေတာကြောင့် စစ်ရယ်က ချန်ရှုစိတ်ထဲမှာ သူ့ကိုခေတ်နောက်ကျနေတယ်လို့ထင်နေတာ သိလိုက်ရသည်။

"ကိုယ်လဲငယ်ငယ်က တီးဝိုင်းအဖွဲ့မှာပါခဲ့သေးတယ်"

စစ်ရယ် က ချန်ရှုထက် ဆယ်နှစ်ပိုကြီးတယ်တာကြောင့် မျိုးဆက်ကွာဟချက်သိပ်မရှိဘူးလို့ သူသတ်မှတ်ထားပေမဲ့ လက်တွေ့မှာ ချန်ရှုက ထိုသို့ထင်မြင်ပုံမပေါ်ပါ။

"အန်ကယ်စစ် အဖွဲ့မှာ ဘယ်အပိုင်းကပါခဲ့တာလဲ"

ချန်ရှုသည် ထိုစကားကိုကြားပြီးနောက် မသိစိတ်ကနေ ‌ဆက်ပြီးမေးကြည့်လိုက်သည်။

"ကိုယ်ဆယ်ကျော်သက်တုံးက ကိုယ့်သူငယ်ချင်းတွေနဲ့ အချိန်တစ်ခုအထိ ဂန္တဝင်တီးဝိုင်းတစ်ခုဖွဲ့ပြီး cello ပိုင်းကို ကိုယ်တာဝန်ယူခဲ့တယ်။"

စစ်ရယ်က သူ့ဆယ်ကျော်သက်နှစ်တွေကို သူ့နောက်ဆုံးအချိန်ထိ ကွက်ကွက်ကွင်းကွင်း  မှတ်မိနေမဲ့ပုံရသည်။

စစ်ရယ်ရဲ့အဖြေကိုကြားတော့ ချန်ရှုအံ့သြသွားမယ်လို့ ထင်ပေမဲ့ သူသိပ်မအံ့ဩသွားခဲ့ဘူး။ပေါ့ပ်ဂီတ၊ ရော့ခ်ဂီတ တို့နှင့် ယှဉ်ရင်  ဂန္တဝင်ဂီတက စစ်ရယ်အတွက် ပိုသင့်လျော်သည်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now