30 [Freshman Representative]

8.4K 1.4K 29
                                    

ချန်ရှုအေးအေးဆေးဆေး လမ်းလျှောက်လာတာကို မြင်လိုက်တော့ စစ်ရိချန်က သူ့ရဲ့တည်ငြိမ်နေတဲ့မျက်နှာကို ထိန်းမထားနိုင်တော့ဘဲ

"လူတွေ လူတွေ ပန်းတိုင်ကို ရောက်ဖို့ ‌ရုန်းကန်နေကြပေမဲ့ မွေးလာတဲ့နေရာခြင်းမတူတော့ ဘယ်လောက်ကြိုးစားကြိုးစား အသုံးမဝင်ဖြစ်နေတုန်းပဲ"

စစ်ရိချန်က အကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်နေပြီး ခနနေ စင်ပေါ်တတ်ဖို့ စာမူကို ‌ကိုင်ကာ ခေါင်းမော့ရင်ကော့ထားသည်။

ချန်ရှုက သူ့ကိုကြည့်နေပြီး စကားပြန်မပြောတာကြောင့် စစ်ရိချန်ပျော်နေတဲ့အချိန်မှာပဲ စင်ပေါ်ကနေ ကြေညာတဲ့အသံကို ကြားလိုက်ရတယ်။

"ငါတို့ရဲ့ ‌ကျောင်းသားသစ်ကိုယ်စားလှယ်ဖြစ်တဲ့...."

စစ်ရိချန်က အနိုင်ရလက်မှတ်ကိုကိုင်ဆောင်ထားသလို မျက်နှာပေါ်မှာ အပြုံးအပြည့်ဖြင့် စင်ပေါ်တတ်တော့မဲ့အချိန်မှာ သူ့နာမည်မဟုတ်ဘဲ ချန်ရှု နာမည်ကို ကြားလိုက်ရတယ်။

ချန်ရှုက စစ်ရိချန်ကိုပြုံးပြပြီး ဘေးကနေ ဖြတ်သွားကာ

"မင်းပြောတာ မှန်တယ်"

စစ်ရိချန်က နေရာမှာအေးခဲသွားပြီး သူပိုင်တဲ့စင်ပေါ်ကို တရွေ့ရွေ့သွားနေတဲ့ ချန်ရှုရဲ့အရိပ်ကို အလင်းရောင်ဆုံးတဲ့အထိ ကြည့်နေလိုက်သည်။

ချန်ရှု စင်ပေါ်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ကျောင်းသားအားလုံး လန့်သွားကြသည်။ ကျောင်းသားသစ်ကိုယ်စားလှယ်က ဒီလောက်ချောမယ်လို့ သူတို့မထင်ထားဘူးလေ! စင်အောက်ကလူတွေ ရုန်းရင်းဆန်ခတ်ဖြစ်လာတာကြောင့် ချန်ရှု အနည်းငယ်လန့်သွားပြီး

"ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေးနေပေးပါ "

သို့သော် ချန်ရှု ပါးစပ်ကိုဖွင့်လိုက်တဲ့အချိန် ကျောင်းသားများ ငြိမ်သက်သွားမဲ့အစား ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။

"ဘုရားရေ ကိုယ်စားလှယ်လေးက အရမ်းချောတယ်လို့ ဘယ်သူကမှမပြောခဲ့ကြဘူး"

"အသံကလည်းအရမ်းကောင်းတယ်၊ ပွဲဦးထွက် မလုပ်ရင် နှမြောစရာပဲ ဗျို့"

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now