27 [Get Married Soon]

9.8K 1.5K 88
                                    

ချန်ရှု က အကြည့်တွေကို တည်ငြိမ်စွာပြန်ရုတ်သိမ်းလိုက်ပြီး ဝမ်ကျင် ကို

"အစ်မရှောင်နဲ့ အဲ့ဒီ့ မိန်းကလေးကသိ‌ နေတာလား?"

"ငါကြားတာတော့ အဲဒီမိန်းကလေးက ကျောင်းထင်းရွှယ်။ဝင်ခွင့်စာမေးပွဲပြီးတဲ့အချိန် နွေရာသီမှာထဲကလားမသိဘူး ဒီမှာအလုပ်ဆင်းနေတာ "

ဝမ်ကျင် တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးဖို့ အတွက် အကောင်းဆုံးနည်းလမ်းက အတင်းအဖျင်းတွေ အတူတူပြောဖို့လိုတယ် လို့သတ်မှတ်ထားတယ်။ချန်ရှုက အေးအေးဆေးဆေးနေတတ်တယ်လို့ ထင်ခဲ့တာကြောင့် အတင်းပြောတာကို နားထောင်ရတာ ကြိုက်မယ်လို့ မမျှော်လင့်ထားဘူး။

"ဟုတ်လား"

ချန်ရှု ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်တယ်။ ဝမ်ကျင်ကတော့ ဒီကိစ္စကို သူစိတ်မဝင်စားတာကြောင့် ဆက်မပြောဘဲထားလိုက်တယ်။

နာမည် အတူတူပင်ဖြစ်တာကြောင့် လူမှားတာမဖြစ်နိုင်ဘူး။

ဒါပေမယ့် အခု ကျောင်းထင်းရွှယ် က နိုင်ငံခြားမှာ ရှိနေသင့်တာမလား။ရုတ်တရက် တရုတ်ပြည်ကို ပြန်ရောက်ပြီး ဒီလိုဆိုင်သေးသေးလေးမှာ အလုပ်လုပ်နေတယ်ဆိုတာ ဖြစ်နိုင်လို့လား။

ကျောင်းထင်းရွှယ် သည် ကျောင်းမိသားစုမှဖြစ်ပြီး ကျောင်းမိသားစုဆိုတာ စစ်ရယ်အဘိုးပထမဇနီး ကျောင်းမိန်ရဲ့မိသားစုဖြစ်သည်။ အစပိုင်းတွင် စစ်ရယ်ရဲ့အဘိုးသည် စစ်မိသားစု ကြီးမားလာစေရန် ကျောင်း မိသားစုကို မှီခိုခဲ့ရသည်။စစ် မိသားစု ယနေ့အခြေအနေတွင်ရှိနိုင်တာက ကျောင်းမိသားစုရဲ့အကူညီတစ်ဝက်ကြောင့်ပင်ဖြစ်သည်။

ကျောင်းမိန် ကွယ်လွန်ပြီးနောက် ကျောင်းမိသားစုက နိုင်ငံခြားသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သူတို့ တရုတ်ပြည်ကို ပြန်မလာတာ နှစ်အတော်ကြာပြီ။ အရင်ဘဝက ကျောင်းထင်းရွှယ် သည် ဒီဇိုင်းဆွဲရန် တရုတ်နိုင်ငံသို့ ပြန်လာခဲ့ပြီး လက်ဝတ်ရတနာဒီဇိုင်းတွေ လေ့လာခဲ့တာကို ချန်ရှုမှတ်မိသည်။တရုတ်ပြည်ကို လေ့လာစရာရှိတာကြောင့် ပြန်လာတဲ့အချိန်မှာ စစ်ရိချန်နဲ့ တွေ့ဆုံခဲ့သည်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now