28 [Arrogant]

8.9K 1.5K 52
                                    


တရားရုံးမှထွက်လာပြီးတဲ့နောက် ချန်ရှုက သူ့လက်ထဲမှာကိုင်ထားတဲ့ လက်ထပ်စာချုပ်ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ သူတကယ်ပဲ စစ်ရယ်နဲ့ ဒီလိုမျိုး လက်ထပ်လိုက်ပြီပေါ့။

"ဘာဖြစ်လို့လဲ?"

စစ်ရယ် ချန်ရှုနားတိုးလာပြီး ခါးကိုကိုင်ထားရင်း ကားပါကင်ဆီ လျှောက်သွားလိုက်သည်။

ချန်ရှု အတွေးတွေကို ခါထုတ်လိုက်ပြီး

"ဘာမှမဖြစ်ပါဘူး။ နည်းနည်းလောက် မယုံကြည်နိုင်ဖြစ်နေလို့"

"အနာဂတ်မှာတော့ နေသားကျသွားမှာပါ"

စစ်ရယ်ရဲ့ မျက်လုံးတွေက ပြုံးရိပ်သန်းနေပြီး စိတ်အခြေနေ အတော်လေးကောင်းနေပုံရသည်။

ကုမ္ပဏီမှာရှိနေတဲ့ လူတချို့ကို အံ့အားသင့်အောင် လုပ်ချင်တဲ့အတွက် စစ်ရယ်တို့က ပေါ်ပေါ်ထင်ထင် မတွဲသွားကြသေးဘူး။ဒီနေ့က သူတို့နှစ်ယောက် လက်မှတ်ထိုးခဲ့တဲ့နေ့ဆိုပေမယ့် စာချုပ်ရပြီးတာနဲ့ နှစ်ယောက်သား ကိုယ်စီပြန်သွားပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြသည်။

ချန်ရှုကို YC ကုမ္ပဏီ အောက်ထပ်ကို ပို့ပြီး စစ်ရယ် က ကုမ္ပဏီဆီ ပြန်မောင်းလာခဲ့တယ်။

"ဥက္ကဌကြီး၊ သခင်လေးနဲ့ ဂုဏ်ပြုပွဲမလုပ်ဘူးလား"

အတွင်းရေးမှူးကျောင်က မီးပွိုင့်နီနေတဲ့အချိန်မှာ မေးလိုက်သည်။

"အတင်းကြပ် အလျင်လိုမိရင် ထွက်ပြေးသွားလိမ့်တယ်"

ယခုအချိန်တွင် ချန်ရှုက သူ့အပေါ် ချစ်ခြင်းမေတ္တာမရှိသေးကြောင်း ရှင်းရှင်းလင်းလင်းသိသည်။အခုလှုပ်ရှားမှုက ချန်ရှုကိုသူရဲ့အနိီးမှာအရင်ချည်‌နှောင်ထားဖို့ဖြစ်ပြီး အလျင်မလိုပါဘူး။ အရမ်းကြီးခြေလှမ်းလှမ်းမိရင် ချန်ရှုထွက်​​ပြေးသွား​လိမ့်မယ်။

အတွင်းရေးမှူးက ခေါင်းညိတ်ပြပြီး စစ်ရယ့်သွမ်အား

"ဥက္ကဌ၊ မစ္စစ် ပိုင်က ညစာစားဖို့ဖိတ်နေပါတယ်၊ "

စစ်ရယ်က အတွင်းရေးမှူးကျောင် ပါးစပ်မှထွက်လာတဲ့ မစ္စစ် ပိုင် ဆိုတာကို ဘယ်သူမှန်းမမှတ်မိဘူး။ ဒီလူအကြောင်း ခဏလောက်စဉ်းစားပြီး

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now