5 [Si Family]

12.6K 1.7K 72
                                    


"ငါခနဝင်လာပီး မင်းနဲ့စကားပြောလို့ရမလား"

ထုန်ကျရှီရဲ့လက်တေက သူ့ရဲ့အကျီစအနားကို အားနဲ့ဆုပ်ကိုင်ထားတာကြောင့် လက်ချောင်းထိပ်လေးတေဖြူဖွေးကာ အားမရှိတဲ့ ပုံပေါက်နေသည်

ချန်ရှုက ထုန်ကျရှီသူ့ဆီလာလိမ့်ဆိုတာကို ခန့်မှန်းပီးသားဖြစ်တာကြောင့် သိပ်မအံ့ဩသွားပေ။အခု ထုန်ရှီကျွိ က သူ့လုပ်ရက်တေကို ဝန်ခံဖို့ စီစဉ်နေတာမလား။

"ဝင်ခဲ့"

ချန်ရှုက ထုန်ကျရှီက ဝင်ဖို့တံခါးကိုဖွင့်ပေးရင်း ဘေးနားကိုကပ်ပေးလိုက်တယ်

"ကျေးဇူးတင်ပါတယ်။"

ထုန်ကျရှီရဲ့ မျက်နှာက ဖြူဖျော့နေပီး နှုတ်ခမ်းကိုကိုက်နေခဲ့သည်။

ထုန်ကျရှီရဲ့ အရပ်က 1.7 မီတာကျော်သာရှိပီး  သွယ်လျတဲ့အသွင်အပြင်နဲ့ မျက်နှာပြည့်ပြည့်လေးက သူကို့ လူတိုင်းရဲ့အမြင်တွင် အားနည်းပြီး သနားစရာကောင်းတယ်လို့ ထင်ရစေတယ်

ချန်ရှုက သူ့ကို ရေတစ်ခွက်ချပေးတဲ့အခါမှာ ထုန်ကျရှီက လက်နှစ်ဖက်နဲ့ ယူလိုက်ပီး ခေါင်းကငုံ့ထားဆဲဖြစ်ကာ သူ့လက်ထဲက ရေဖန်ခွက်ကို အချိန်အတော်ကြာ ကြည့်လိုက်‌နေပီးနောက်မှ ချန်ရှုနဲ့ စကားပြောဖို့ ခေါင်းကို မော့လိုက်တယ်။

"ချန်ရှု မင်း မနေ့ညက တကယ်ပဲ အန်ကယ်စစ်နဲ့ရှိ‌‌ နေခဲ့တာလား?"

ထုန်ကျရှီရဲ့ ဒီမေးခွန်းကို ချန်ရှုမျှော်လင့်မထားမိတာကြောင့် အံ့ဩသွားရတယ်။ချန်ရှူ က ထန်ကျရှီ သူ့ကို ဆေးခတ်တဲ့အကြောင်းကို ပြောပြပီး ဝန်ခံမယ်လို့ထင်ထားတာလေ။ အခုတော့ ထန်ကျရှီက သူ့ကို စစ်ဆေးဖို့လာခဲ့တာပေါ့။

ချန်ရှုက သူ့အတွက် ရေဖန်ခွက် ရေတခွက်ယူကာ စားပွဲပေါ်တင်လိုက်ပြီး

"ရှရုံနဲ့ ဖန်ရှီကျွိ ငါ့ကိုလုပ်ကြံထားတယ်ဆိုတာ ဝန်ခံပီးသွားပီ မင်းက ငါ့ကိုမယုံသေးဘူးလား?"

"မဟုတ်ဘူး"

ထုန်ကျရှီ သည် သည်းမခံနိုင်တော့တဲ့ အမူအရာဖြင့် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Dove le storie prendono vita. Scoprilo ora