49 [Don't make me kiss you]

7.3K 1K 52
                                    

ချန်ရှုပြောပြီးတာနဲ့ တပြိုင်နက် သူ့ခါးပေါ်ကလက်တွေ တင်းကြပ်သွားတာကို ခံစားလိုက်ရပြီး အနည်းငယ် အသက်ရှုကြပ်သွားရသည် ။

စစ်ရယ်ရဲ့အားက မယုံနိုင်လောက်အောင် သန်မာလွန်းတယ်။သူ့ခါးကို ချိုးလုနီးပါးပဲ၊ ခန္ဓာကိုယ်ချင်း ပွတ်သတ်မိသလိုပါ ဖြစ်သွားတယ်။ချန်ရှု မရုန်းနိုင်ခင်မှာပဲ  သူ့နားရွက်နားကနေ ပူနွေးစိုစွတ်တဲ့ အသက်ရှုသံတစ်ခု ရောက်လာသည်။ချန်ရှု တစ်ကိုယ်လုံးထုံသွားပြီး စစ်ရယ်က သူ့နားထဲ တိုးတိုးလေးပြောလာတယ်။

"မင်းကိုနမ်းမိအောင် ကိုယ့်ကိုတွန်းအားမပေးနဲ့"

စစ်ရယ်ရဲ့အနိမ့်သံမှာ sexy ကျကျ နက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာတွေပါဝင်နေပြီး ပြင်းပြတဲ့ဆန္ဒတစ်ခုလို ချန်ရှုနား ထဲဝင်သွားတယ်။ချန်ရှုတစ်ကိုယ်လုံး မီးစနဲ့တို့မိသလိုဖြစ်ပြီး ဒီရေလို ခံစားချက်အတက်အကျမြန်တဲ့ သူတို့ နှစ်ယောက်ရဲ့မင်္ဂလာဦးညကို ရုတ်တရက်သတိရလိုက်မိသည်၊ ထိုအချိန်တုန်းကလည်း စစ်ရယ်က အခုလိုအသံနဲ့ သူ့နားထဲမှာ တိုးတိုးလေး ပြောတတ်တယ်။ နှုတ်ခမ်းနဲ့ထိစပ်ပြီး နွေးထွေးတဲ့အနမ်းတွေက သူ့နားရွက်နောက်ဘက်နား တစ်ခုပြီးတစ်ခု ကျဆင်းကာ ချန်ရှုရဲ့မျက်တောင်တွေပါတုန်ယင်ပြီး မျက်လုံးထောင့်စွန်းနီရဲနေခဲ့သည်။

မင်္ဂလာဦး အဖြစ်အပျက်က ဒီအတိုင်းပြီးသွားလိမ့်မယ်လို့ ထင်ထားပေမယ့် အခုတော့ မတော်တဆဖြစ်ခဲ့သလိုကျော်သွားလို့မရဘဲ စစ်ရယ်ကိုမြင်တိုင်းမှတ်ဉာဏ်ထဲက ပုံရိပ်တွေကို ချန်ရှုပြန်ပြန်သတိရမိတယ်။ လျစ်လျူရှုထားတဲ့ အမှတ်တရက ဦးနှောက်ထဲကို လျင်မြန်စွာ ဝင်ရောက်လာတော့ စစ်ရယ်နှုတ်ခမ်းတွေ ချက်ချင်းပဲ ကော့တက်သွားသည်။စစ်ရယ်ရဲ့လက်ထဲမှာတော့ အနီရောင်သန်းတဲ့အထိ ပြုတ်ခံထားရတဲ့ ပုဇွန်လေးရှိနေတယ်။

စစ်ရယ်က နီနေတဲ့နားရွက်လေးတွေကို လက်မနဲ့ပွတ်သပ်လိုက်ပြီး ချန်ရှုအဆင်ပြေဖို့ နှစ်မိနစ်ခန့် အချိန်ယူပြီးနောက် စစ်ရယ်ရင်ခွင်ထဲကနေ ရှက်ရှက်နဲ့ ရုန်းထွက်လိုက်ကာ စစ်ရယ်ကို မကြည့်မိအောင် ခေါင်းငုံ့ထားလိုက်သည်။‌

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now