59 [Photo]

3.2K 379 18
                                    

ရေချိုးခန်းထဲမှာ ရေကျသံတွေ အဆက်မပြတ်ကြားနေရသည်။ ရေပန်းအောက်မှာ ‌မတ်တပ်ရပ်ပြီးခေါင်းငုံ့လျက် ရေချိုးနေတဲ့ ချန်ရှုပါးပြင်ပေါ်ကို ရေစက်တွေ ဆက်တိုက်စီးကျနေတာကြောင့် ရှည်လျားတဲ့မျက်တောင်ကနေတစ်ဆင့် အမြင်အာရုံပါ ဝေဝါးသွားသည်။

ရေပန်းကိုလက်လှမ်းပိတ်ရင်း ရေချိုးကန်ထဲကို ခြေထောက်လှမ်းလိုက်သည်။ စစ်ရယ်ရဲ့အခန်းကကြီးတဲ့အလျောက် ရေချိုးကန်ကလည်း အတော်အတန်ကျယ်သည်။ချန်ရှုမျက်နှာတစ်ဝက်လောက်အထိ ရေထဲမှာ စိမ်ထားပြီး ရေချိုးကန်ထဲက ရေနွေးငွေ့တွေကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးကာ ပန်းရောင်သန်းနေသည်။

    "ဖူး ပလု..."

ချန်ရှု အတွေးထဲမှာ နှစ်နေပြီး ရေထဲကနေ ပူဖောင်းတွေ မှုတ်ထုတ်လိုက်တယ်

ဒီနေ့ထန်ကျရှီ ပြောခဲ့တဲ့အကြောင်းတွေကို တကယ်သိချင်နေခဲ့တာ။သူ့မျက်နှာပေါ်ကနေ ခံစားချက်ကို လွယ်လွယ်နဲ့ မပြချင်တာကြောင့် ဂရုမစိုက်သလို ဟန်ဆောင်ခဲ့သည်။

စစ်ရယ်မှာ တကယ်ပဲ အချစ်ဦးရှိနေတာလား? ဒါဆိုဘာလို့ ငါ့ကို ကောင်းကောင်း ဆက်ဆံပြီး မရှင်းမလင်းခံစားရအောင် လုပ်တာလဲ

သူတို့တစ်ယောက်နဲ့တစ်ယောက် နမ်းပြီး ကူညီပေးခဲ့ဖူးတယ်။စစ်ရယ် စိတ်လှုပ်ရှားနေတဲ့ချိန် ဘယ်လောက်ထိ ခံစားမှုပြင်းပျနေလဲဆိုတာကိုတောင် သူမှတ်မိနေသေးသည်။ စစ်ရယ် သူ့နဖူးအပေါ် ကို မြတ်မြတ်နိုးနိုး အနမ်းတစ်ခုပေးခဲ့တယ်

သူကပဲ အရမ်းရှေးရိုးဆန်ပြီး စိတ်ကူးယဥ်နေခဲ့တာလား။စစ်ရယ်သာ သူ့အပေါ်ခံစားချက်မရှိဘူးဆိုရင် သူ့ကိုနမ်းပြီး ထိတွေ့ဖို့ မဖြစ်နိုင်ဘူး။

အရင်က သူနဲ့ စစ်ရယ် ချစ်နေကြတယ်လို့ ထင်ခဲ့ပေမယ့် ရုတ်တရက်ဘာမှ မသေချာတော့ဘူး၊စစ်ရယ်က သူ့ကို *အိပ်ဖော်တစ်ယောက်လိုပဲ ဆက်ဆံနေတာလား?
(*uck buddy)

“ ဒေါက် ဒေါက်…”

အပြင်ကနေ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

"ရှောင်ရှု၊ ဘယ်အချိန်ကဝင်သွားတာလဲ? အကြာကြီးမစိမ်နဲ့ နေမကောင်းဖြစ်လိမ့်မယ်"

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now