31 [ Mrs.Si ]

8.4K 1.3K 32
                                    

" ဒီနေ့ ဘယ်လိုနေလဲ၊ သင်တန်းမှာ အဆင်ပြေရဲ့လား"

စစ်ရယ်ရဲ့‌နောက်ဘက်တွင် ကြမ်းပြင်ကနေ နံရံအထိ‌ရှိတဲ့ ပြတင်းပေါက်ကြီးရှိ‌နေပြီး နီယွန်မီးရောင် ‌မှိတ်တုတ်တုတ်လေးတွေကိုလဲ မြင်နေရတယ်။

"အကုန်လုံး အဆင်ပြေပါတယ်၊ အန်ကယ်စစ်က အခုထိ ကုမ္ပဏီမှာပဲ ရှိနေသေးတာလား"

ချန်ရှုက စစ်ရယ်အနောက်ဘက်မှာမြင်နေရတဲ့ မြင်ကွင်းကိုကြည့်ပြီး အလုပ်မှာပဲရှိသေးကြောင်း သိလိုက်သည်။

"အင်း၊အလုပ်နည်းနည်း ကျန်နေသေးလို့"
စစ်ရယ်ကော်ဖီခွက်ကို ကိုင်ပြီး ပြန်ဖြေလိုက်တယ်။

ချန်ရှုကမျက်မှောင်ကြုတ်သွားပြီး

"နောက်ကျနေပြီကို ကော်ဖီမသောက်နဲ့ မြန်မြန်ပြန်ပြီး နားလိုက်တော့ အလုပ်ကနောက်နေ့မှလုပ်လဲရတယ်လေ"

ချန်ရှုစကားကိုကြားပြီးနောက် စစ်ရယ်ရဲ့အမူရာက နူးညံ့သွားပြီး

"ကျေးဇူး.... ကိုယ့်ကိုစိတ်ပူပေးလို့၊ ဒီတစ်ခုပြီးတာနဲ့ ကိုယ်ပြန်တော့မှာ"

ချန်ရှုက ‌ရုပ်တည်တည်ထားပြီး ခေါင်းငြိမ့်ပြကာ

"ကျွန်တော် အတွင်းရေးမှူးကျန်းကို စောင့်ကြည့်ခိုင်းထားမှာနော်"

"အတွင်းရေးမှူးကျန်း ဘယ်အချိန်တည်းက ကိုယ့်ကို သစ္စာဖောက်ပြီး မင်းဘက်က ဖြစ်သွားရတာလဲ" စစ်ရယ်က စနောက်လိုက်တယ်။

ချန်ရှုအိပ်ဆောင်ရဲ့ လသာဆောင်မှာရပ်နေရင်း ဘယ်ညာကြည့်လိုက်ပြီး အသံကိုတိုးလိုက်ကာ

"အတွင်းရေးမှူးကျန်းအပြစ်မဟုတ်ပါဘူး၊ ကျွန်တော်က သူ့ဘော့စ်ရဲ့ကောင်လေး ဖြစ်သွား‌ပြီဆိုတော့ ဗီတိုအာဏာကို သူဘယ်လိုလုပ်ငြင်းရဲမှာလဲ၊ ကျွန်တော်ပြောတာ နားလည်လား"

"ဘော့စ်ရဲ့ကောင်လေး" ဆိုတဲ့ စကားလုံးသုံးလုံးကိုကြားလိုက်ရတော့ စစ်ရယ်ရဲ့မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်း နက်ရှိုင်းလာပြီး

"ကိုယ်ရဲ့ပေါင်ပေ့က အရမ်းသတ္တိရှိနေတယ်ပေါ့"

ချန်ရှုကသူ့ရဲ့ ပူနွေးတဲ့နားရွက်ကို ပွတ်သပ်နေပြီး ဘာမှမပြောလာတော့ပေ။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now