စစ်ရယ်နှုတ်ခမ်းက ချန်ရှုနှုတ်ခမ်းနှင့် လက်တစ်ဖျား အကွာအဝေးသာရှိတော့တဲ့အချိန်မှာ ချန်ရှုရုတ်တရက် မျက်လုံးပွင့်လာပြီး စစ်ရယ်ကို တောက်ပတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်ကာ စစ်ရယ်ကတော့ အပြစ်မကင်းတဲ့စိတ်ဖြင့် ပြန်ကြည့်နေသည်။
နှစ်ယောက်သား စက္ကန့်ပေါင်းများစွာ စေ့စေ့ကြည့်ပြီးနောက် ချန်ရှု က
"အန်ကယ်စစ် ဘာလုပ်နေတာလဲ?"
ချန်ရှုမျက်လုံးများသည် ဖြူစင်ရိုးသားတာကြောင့် အန္တရာယ်ရှိရှိ အခွင့်ကောင်းယူတော့မဲ့ စစ်ရယ်အပြစ်ရှိတဲ့စိတ်ခံစားလာရသည်။
"အဟွတ် ဟွတ်၊ ဘာမှ မလုပ်ပါဘူး"
စစ်ရယ်က အဝေးကို ဖယ်လိုက်ပြီး ဟန်ဆောင်ချောင်းဆိုးလိုက်သည် ။
ချန်ရှုကတော့ ထိုအချိန်တွင် မူးနေသေးပြီး စိတ်ရှုပ်နေကာ အိတ်ကပ်ထဲရှိ လက်ဆောင်ဘူးလေးကို ထုတ်ယူကာ စစ်ရယ်လက်ထဲသို့ ထည့်ပေးလိုက်တယ်
"ဒီမှာ"
စစ်ရယ်က သူ့လက်ထဲက ဘူးလေးကို တအံ့တသြကြည့်ပြီး ဖွင့်လိုက်သည်။ အထဲမှာ ငွေရောင် နက်ခ်တိုင်ကလစ်တစ်ခုရှိ နေခဲ့တယ်။
"မင်းမအိပ်သေးဘဲ ကိုယ့်ကို လက်ဆောင်ပေးဖို့ စောင့်နေတာပေါ့?"
ချန်ရှု က ခေါင်းညိတ်ပြလိုက်ပြီး ဆက်ပြောတယ်
"အွန်း၊ ဒီနေ့လစာရခဲ့တယ်လေ ကလစ်လေးက အန်ကယ်စစ်နဲ့ အရမ်းလိုက်မယ်ထင်လို့ ကျွန်တော် ဝယ်ခဲ့တာ"
"ကျွန်တော့်ကို လက်ဆောင်ပေးခဲ့တယ်၊ဂုဏ်ပြုပွဲ လည်းလုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်အန်ကယ်စစ်"
ချန်ရှုစကားပြောတဲ့ပုံက မူးနေသေးတာကြောင့် အနည်းငယ်နှေးကွေးနေပေမဲ့ စစ်ရယ် ကို စိုက်ကြည့်နေတဲ့ မျက်လုံးလေးတွေကတော့ ရိုးသားဖြူစင်နေတယ်။
စစ်ရယ်က သူ့လက်ကို ဆန့်ပြီး လက်မောင်း နှစ်ဖက်ကြားထဲ ချန်ရှုကိုပွေ့ဖက်ကာ ခေါင်းနောက်ဘက်ကို ပွတ်ပေးရင်း
"ကိုယ့်ကို ကျေးဇူးတင်တယ်လို့ မပြောပါနဲ့၊ ဒါတွေအားလုံးက မင်းနဲ့ထိုက်တန်တဲ့အရာတွေပဲ"
BẠN ĐANG ĐỌC
ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]
Lãng mạnပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL] Fully Credit To Author 清麓 ,Original Publisher and English Translator granma_mushroom. For raw ,MTL and E-tran links, kindly check my bio(ARIBRMW) I DON'T OWN THIS NOVEL.Retran...