48 [Miss Me?]

8.2K 1.2K 36
                                    

ချန်ရှု ကျောင်းမှာ စာသင်နေတဲ့အချိန်အတွင်း စာအိတ်တစ်ခု ရခဲ့တယ်။သူ့ကို ဘယ်သူစာပို့လာတာလဲ?

လက်ထဲက အနည်းငယ်ထူတဲ့ စာအိတ်ကို ဖျစ်ညှစ်လိုက်ပြီး အိပ်ဆောင်ကို ပြန်သွားတယ်။ချူးယောင်ယွမ်နဲ့ တခြားသူတွေပြန်မလာသေးတာကြောင့် သူတစ်ယောက်တည်း ဖြစ်နေတယ်။ချန်ရှုစာအိတ်ကို ဖွင့်ဖို့ ကတ်ကြေးတစ်လက်ယူလိုက်ပြီး စာအိတ်ထဲကနေ ဓာတ်ပုံတချို့ ထွက်လာတယ်။

ဓာတ်ပုံတွေကို ကြည့်ပြီးတဲ့အချိန်မှာ ချန်ရှုမသိစိတ်ကနေ မျက်မှောင်ကြုတ်မိသွားတယ်။

စစ်ရယ်နဲ့အမျိုးသမီး တစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားနေတဲ့ပုံတွေ။ပုံထဲက အမျိုးသမီးက တက်သစ်စ မင်းသမီး ပိုင်ချူးယွိဆိုတာ သူသိတယ်။

(T/N : စစ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ မင်းသမီး၊ အရှေ့ပိုင်းမှာ ပါလာသေးတယ်)

စစ်ရယ်ရဲ့ အကြီးမားဆုံးကောလဟာလဖြစ်တဲ့ အရင်ဘဝမှာ စစ်ရယ်နဲ့ လက်ထပ်မယ့်သူဆိုပြီး သတင်းထွက်ခဲ့တဲ့  မင်းသမီးပဲ။

မီးမှိန်နေတာကြောင့်လား မသိပေမယ့် နှစ်ယောက်စလုံးကို ပုံထဲမှာ မသဲမကွဲသာ မြင်နေရသည်။ပိုင်ချူးယွိ ပြုံး‌ပြီး စစ်ရယ်နဲ့ စကားပြောနေတယ်။

ပိုင်ချူးယွိက စစ်ရယ်ရဲ့နောက်ကျောကို မှီထားပြီး စစ်ရယ်ဘက်ကလည်း မတွန်းထုတ်ဘဲ သူမပုခုံးတွေကို ကိုင်ထားတဲ့ ပုံတစ်ပုံလည်း ရှိနေတယ်။

ဒီပုံကို ကြည့်တဲ့လူတိုင်း ဒီလူနှစ်ယောက်က နီးနီးကပ်ကပ် ဆက်ဆံရေးရှိတယ်ဆိုပြီး တွေးကြလိမ့်မယ်။

ချန်ရှုနေရာမှာ နှစ်မိနစ်ကျော်လောက်ထိုင်ကာ တိတ်တဆိတ် ပုံတွေကို အေးအေးဆေးဆေး ကြည့်ပြီးတော့ စာအိတ်ထဲကို ပြန်ထည့်လိုက်တယ်။

ဓာတ်ပုံထဲက အကြောင်းအရာထက် သူ့ကိုဘယ်သူက ဘာရည်ရွယ်ချက်နဲ့ ပို့တာလဲဆိုတာ ချန်ရှုသိချင်နေတယ်။

သူနဲ့စစ်ရယ် လက်ထပ်ပြီးသားဆိုတာ သိရက်နဲ့ တစ်ဖက်လူက သူ့ကို တမင်သက်သက် ဒီပုံတွေပို့တာလား?

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now