16 [Award]

9.4K 1.5K 42
                                    

စစ်ရယ် ချန်ရှုကို လေလံပွဲတစ်ခုဆီခေါ်သွားတယ်။ပွဲတစ်ခုလုံး ချမ်းသာတဲ့လူတေအပြည့်ပဲ။စစ်ရယ်ရဲ့ အဆင့်အတန်းကို သိထားတာကြောင့် ပွဲစီစဉ်သူတွေက သူတို့ကိုနေရာတစ်နေရာစာပေးပြီး အစားသောက်တွေနဲ့ လိုလိုလားလား ဧည့်ခံကြတယ်။

"လေလံပွဲမှာ မင်းလိုချင်တာမှန်သမျှ ဝယ်လို့ရတယ်"

စစ်ရယ် ချန်ရှုဘက်ကို ခေါင်းစောင်းလိုက်ပြီး နား နားကိုကပ်ပြောလိုက်တယ်။

"ဝယ်စရာ မလိုပါဘူး ကျွန်တော်ကကြည့်ပဲကြည့်‌မှာ"

ချန်ရှုက ဈေးကြီးတဲ့ဇိမ်ခံပစ္စည်းတွေကို သိပ်မကြိုက်သလို ငွေသုံးကြီးတဲ့သူလည်းမဟုတ်ဘူးလေ။ဒီနေ့ စစ်ရယ်က သူနဲ့အတူ အချိန်ဖြုန်းပေးတာဖြစ်ပေမဲ့ အဲ့ဒီ့အပေါ် အခွင့်ရေးမယူချင်ပါဘူး။

ဘေးမှာ ရှိနေတဲ့ ပွဲစီစဉ်သူက သူတို့နှစ်ယောက်ရဲ့အမူယာတွေကို အကဲခတ်ရင်း ချန်ရှုဆိုတာဘယ်မျိုးရိုးကလဲလို့ စဉ်းစားနေခဲ့တယ်။ဒါပေမဲ့လဲ စစ်ရယ်နဲ့ချန်ရှုတို့ရဲ့ ပက်သက်မှုကို သူမဖော်ထုတ်နိုင်ခဲ့ဘူး။

ချန်ရှုက စစ်ရယ်ကို အန်ကယ်စစ်လို့ခေါ်နေပေမဲ့ စစ်ရယ်ရဲ့အပြုမူတွေက ပုံမှန် ဦးလေးနဲ့ တူ ဆက်ဆံရေး လို့ မထင်ရဘူး။ကိုယ့်ရဲ့ချစ်သူကောင်လေးကို ဘယ်လိုလုပ်များ အန်ကယ်လို့ ခေါ်ခိုင်းထားရတာလဲ။ချမ်းသာတဲ့လူတွေရဲ့ အကျင့်ကိုတော့ တကယ်လိုက်လို့ မမှီဘူး။

စစ်မိသားစုရဲ့ အကြီးအကဲ စစ်ရယ်က ယခုနှစ်မှာ အသက် 28 နှစ်ရှိနေပြီ။ သူနဲ့ပက်သက်တဲ့သတင်းတွေကကောင်းမွန်ပေမဲ့ ကိုယ့်ကိုကိုယ် အရမ်းဂရုစိုက်တတ်ကြောင်းနာမည်ဆိုးနဲ့ကျော်ကြားသူဖြစ်သည်။အစပိုင်းမှာ စစ်ရယ်သည် မျိုးမပွားနိုင်သူဖြစ်ကြောင်း သူ့ရဲ့ပြိုင်ဖက်က ဖော်လိုက်တာကြောင့် လူအများပြားကို စိတ်ပျက်စေခဲ့တယ်။ဒါပေမဲ့ နှစ်အတော်ကြာတဲ့အထိ စစ်ရယ်ကို ဖတ်တွယ်နေတဲ့ လူတွေက မပြောင်းလဲဘဲ ကပ်တွယ်နေကြတုံးပဲ။အချစ်ရေးနဲ့ပက်သက်တဲ့ သတင်းတွေလဲမထွက်ခဲ့ဘူး။နေ့တိုင်းအလုပ်လုပ်ပြီး အလုပ်ကိုစွဲလန်းနေတဲ့သူလို့တောင်ခေါ်ကြတယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Onde histórias criam vida. Descubra agora