ချန်ရှု ဘာမှမပြောနိုင်ခင်မှာပဲ လက်သီးနဲ့ထိုးခံရမလိုဖြစ်ပေမဲ့ လွယ်လွယ်လေး ရှောင်နိုင်လိုက်တယ်
"မစ္စစ်တာကျုံ့ မနက်စောစောစီးစီး ဘာအရူးထနေတာလဲ?"
ကျုံ့ဟုံခေါင်ရဲ့ မျက်နှာတစ်ခုလုံး ဒေါသကြောင့်နီရဲနေပီး ဘာစကားမှပြောမနေဘဲ ချန်ရှုကို ထပ်ထိုးဖို့ လုပ်လိုက်တယ် ချန်ရှုက လက်သီးကို ဆွဲကိုင်ကာ ခါးနောက်ကိုဆွဲလှန်ပီး အားနဲ့ထိန်းထားလိုက်တယ် နာကျင်မှုကြောင့် သခင်လေးကျုံ့တစ်ကိုယ်လုံး ချွေးပြန်ပီး အေးစက်လာတယ်
"ငါ့ကို လွှတ်,ချန်ရှု မင်းက တကယ့်ကို ရွံစရာကောင်းတဲ့အကောင်ပဲ"
ကျုံ့ဟုန်ခေါင် ပြင်းပြင်းထန်ထန်ရုံးပေမဲ့ ချန်ရှု လက်ထဲကမလွတ်တာကြောင့် ပိုပီးဒေါသထွက်လာသည်။
"ချန်ရှု,ဟုန်ခေါင်ကို လွှတ်လိုက်,မင်းက အပြစ်တစ်ခုကျူးလွန်ပီးတာတောင် နောက်တစ်ခုထပ်လုပ်နေတယ်ပေါ့, ဟုန်ခေါင်ကိုတောင်ထိုးရဲတယ် မင်းက ပြသနာရှာတဲ့နေရာမှာ တကယ်တော်တာပဲ"
စစ်ရိချန် အောက်ထပ်မှာရှိတဲ့ လူအုပ်ထဲနေ ချန်ရှုဆီ လျှောက်လာခဲ့တယ်
ချန်ရှု စစ်ရိချန်ရဲ့ မျက်လုံးကို စိုက်ကြည့်လိုက်တယ် ချန်ရှုပုံစံက ဒေါသထွက်နေပေမဲ့ အေးစက်တဲ့အရှိန်ဝါကို ထုတ်လွှင့်တယ်။
"ငါဘာလုပ်လိုက်လို့ ဒီလောက်လူအများကြီးက ငါ့ကိုအနိုင်ကျင့်ဖို့ အောက်ထပ်မှာစုနေကြတာလဲ?"
"မင်းက မသိချင်ယောင်ဆောင်နေတယ်ပေါ့! ရုံ့ရုံ ဘာမှစိတ်မပူနဲ့ အဲ့ကောင်မင်းကိုဘာလုပ်လိုက်လဲ ငါတို့ကိုပြောပြ"
ကောင်မလေး တုန်ယင်နေပီး စစ်ရိချန်ကသူ့ကို အားပေးစကားပြောနေခဲ့တယ်ချန်ရှုရဲ့အကြည့်က တုန်ယင်နေတဲ့ကောင်မလေး အပေါ် ရောက်ရှိသွားတယ်
ချန်ရှုဒီတစ်ယောက်ကို မှတ်မိတာပေါ့ အရင်ဘဝတုံးကလဲ ဒီကောင်မလေးက သူ့အခန်းထဲကို မရမကဝင်ပီး ဆိုးရွားတဲ့ကိစ္စကို လုပ်ဆောင်ခဲ့တယ်
ဒီကောင်မလေး နာမည်က ရှရုံလို့ခေါ်ပီး ဟုန်ခေါင်ရဲ့ ကျောင်းနေဖက်သူငယ်ချင်း။ရှရုံက သာမန်မိသားစုကဖြစ်ပီး ဟုန်ခေါင်က အဆင့်မြင့်ကျောင်းမှာ တတ်နေတာဖြစ်ပေမဲ့ ရှရုံက စာတော်တာကြောင့် အဆင့်မြင့်ကျောင်းကို ဝင်ခွင့်ရခဲ့ပီး သူငယ်ချင်းဖြစ်လာခဲ့တယ်။ စစ်ရိချန်ရဲ့ မွေးနေ့ပွဲမှာ ရှရုံ အချိန်ပိုင်းအလုပ်ရဖို့ ဟုန်ခေါင်ကပြောပေးထားတာဖြစ်သည်။ဟုန်ခေါင်က ရှရုံ ခက်ခက်ခဲခဲ အလုပ်လုပ်နေရတာကိုသိတာကြောင့် ကူညီပေးခဲ့တာ။
YOU ARE READING
ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]
Romanceပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL] Fully Credit To Author 清麓 ,Original Publisher and English Translator granma_mushroom. For raw ,MTL and E-tran links, kindly check my bio(ARIBRMW) I DON'T OWN THIS NOVEL.Retran...