26 [I do]

9.4K 1.4K 58
                                    

စစ်ရယ်ကို သူကိုယ်တိုင် ကူညီပေးနိုင်တာလား?

ချန်ရှုက သူ့မှာ အဲဒီလို အရည်အချင်းရှိတယ်လို့ မထင်ထားပေမယ့် စစ်ရယ် ကို ကူညီပေးနိုင်မယဆိုရင် သူ ကျေနပ်ပါတယ်။

"ကူညီပေးမယ်"

ချန်ရှုသည် ထိုအကြောင်းကို ခနတာမျှသာ စဉ်းစားပြီးနောက် ပြတ်ပြတ်သားသား သဘောတူလိုက်သည်။

သူပြန်ဖြေဖို့ မတွန့်ဆုတ်တာကြောင့် စစ်ရယ်က အသံတိုးတိုးလေးနဲ့ ရယ်ပြီး

"မင်းက ဒီလောက်ပြတ်ပြတ်သားသား ကတိပေးလိုက်တယ်ပေါ့ ကိုယ် မင်းကို ရောင်းလိုက်မှာကို မကြောက်ဘူးလား"

ချန်ရှုက ခေါင်းကိုမော့ပြီး ဟိုင်လုလုမျက်လုံးများဖြင့် စစ်ရယ်ကို အပြစ်ကင်းစွာကြည့်ကာ

"အန်ကယ်စစ် လူကိုဘယ်လိုရောင်းရလဲ သိလို့လား"

စစ်ရယ်ရဲ့နှလုံးသားသည် ရုတ်တရက် ပျော့ခွေသွားတယ်။ ဒီကလေးက သူ့ကိုနူးညံ့သိမ်မွေ့အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အမြဲသိနေတော့တာပဲ။

"မဟုတ်ဘူး၊ကိုယ် တကယ်မလုပ်နိုင်ဘူး"

ချန်ရှုသည် စစ်ရယ်လက်ပေါ်ကို မှီကာ ပြုံးပြလိုက်သည်။

"မကြာသေးခင်က ကုမ္ပဏီမှာ တစ်ခုခုဖြစ်ခဲ့တယ်။ ကုမ္ပဏီရဲ့ ရှယ်ယာရှင်ဟောင်း တော်တော်များများက ကိုယ့်အဖေရဲ့ သူငယ်ချင်းတွေလေ။ အခု သူတို့က ကိုယ့်ကို ဥက္ကဋ္ဌရာထူးကို စွန့်လွှတ်ဖို့ အတင်းအကြပ် လုပ်နေကြတယ်။ အဲဒီ့ကိစ္စကို ဖြေရှင်းရမှာ”

စစ်ရယ်သည် နေရာတွင် ခေတ္တရပ်နေရင်း ပြတင်းပေါက်အပြင်ဘက်မှ မှောင်မိုက်နေတဲ့ညကို ဘာအတွေးမှမရှိဘဲ ငေးကြည့်နေမိသည်။

ချန်ရှုက စစ်ရယ် နှင့် ခပ်လှမ်းလှမ်း ခွာကာ စစ်ရယ်ဆီကနေ ထပ်ထွက်လာမည့် စကားကို စောင့်ဆိုင်းရင်း စစ်ရယ်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

စစ်ရယ်က သူ့အကြည့်တွေကို ပြန်လှည့်လိုက်တဲ့အချိန် ချန်ရှုရဲ့ မျက်လုံးတွေကို တွေ့လိုက်တယ်။ ချန်ရှုရဲ့ နွေးထွေး နေတဲ့လက်ကို ဆုပ်ကိုင်ဖို့ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Onde histórias criam vida. Descubra agora