15 [As long as you want]

10.2K 1.5K 80
                                    

"သွား အဝတ်သွားလဲလိုက်"

စစ်ရယ်က ချန်ရှုကို ခါးကနေ တွန်းလိုက်သည်။ သူ့လက်ဖဝါး အပူချိန်က မမြင့်ပေမယ့် ချန်ရှု အတွက်ကတော့ အနည်းငယ် ပူသွားသည် ။

"ဝတ်စုံပြည့်ရော ဝတ်ဖို့လိုသေးလား"

ချန်ရှုက စစ်ရယ်အဝတ်အစားလဲခိုင်းတာကြောင့် စကားနားထောင်ပြီး ဘယ်ပွဲသွားမလို့လဲဆိုတာကို တွေးနေသည်။

"မလိုဘူး"

စစ်ရယ် သူ့ကို ထပ်တွန်းလိုက်တယ်

ချန်ရှု အခန်းထဲကို ပြန်သွားပြီး ဘာဝတ်သွားရမလဲ ရှာရင်း ရိုးရိုးရှင်းရှင်းပဲ အဖြူရောင်ရှပ်အကျီနဲ့ အနက်ရောင်ဘောင်းဘီကိုပဲ ရွေးလိုက်တယ်။အဝတ်စားလဲပြီးသွားတဲ့အခါ မှန်ထဲကနေ သူ့ခန္ဓာကိုယ်ကို စစ်ကြည့်လိုက်တယ်။ ဒီအကျီက သူ့ကိုယ်နဲ့ ကွက်တိကျနေတာကို တွေ့လိုက်ရပြီး ပခုံးနဲ့ခါးက ကောက်ကြောင်းကလည်း ထင်းနေတယ်။တက်ကြွတဲ့ လူငယ်လေးပုံစံပေါ်လာခဲ့တယ်။

ချန်ရှု ရှပ်အကျီထက်စာရင် တီရှပ်ကိုအမြဲဝတ်ဖြစ်တယ်။ကျောင်းဝတ်စုံအများစုကလည်း ခပ်ပွပွ အဝတ်တေများသည်။မှန်ထဲမှာ သူ့ကိုယ်သူ ကြည့်လိုက်တော့ ချန်ရှုက အရမ်းလိမ္မာပြီး နာခံတတ်တဲ့ ထိပ်တန်းကျောင်းသားမျိုးလို ခံစားလိုက်ရတယ်။

အန်ကယ်စစ်ကတော့ လုံးဝကို ချို့ယွင်းချက်မရှိတဲ့သူ ဖြစ်နေတုန်းပဲ။

အဝတ်စားလဲပြီးတဲ့နောက် ချန်ရှုအောက်ထပ်ကို ပြန်ဆင်းလာခဲ့တဲ့ အခါ စစ်ရယ်က ဝတ်စုံပြည့်ကို လဲဝတ်ထား ပြီး ကျစ်လျစ်တဲ့လက်မောင်းတွေနဲ့ ရှည်လျားတဲ့ ခြေတံတွေကို သိသာစေတယ်။ ကြယ်သီးတွေကိုလဲ အစဆုံးတပ်ထားပြီး အေးစက်ကာ တည်ငြိမ်တဲ့ ခံစားချက်မျိုးပေးနေတယ်။

စစ်ရယ်နဲ့ ချန်ရှုတို့ကား အပြင်ထွက်သွားတဲ့အချိန်မှာပဲ စစ်ရိချန်နဲ့ သခင်မထောင်တို့ စီးလာတဲ့ကားက အိမ်ကိုရောက်လာတယ်။

"အိမ်ကိုရောက်တာနဲ့ မင်းအဖေကို မင်းလုပ်ခဲ့တဲ့ အမှားတွေကို ဝန်ခံလိုက်နော်"
သခင်မထောင်က ခိုင်းလိုက်တယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now