11 [Good Son]

10.4K 1.5K 122
                                    

"ငါ့မှာ ပိုက်ဆံရှိပါတယ်လို့ ခနခနပြောပေမယ့် မင်းတို့ကမယုံဘူးလေ"

သူ့မှာပိုက်ဆံရှိပါတယ်လို့ ဘယ်လောက်ပြောပြော မယုံကြဘူး။ချန်ရှုဆီမှာ သေချာပေါက် ပိုက်ဆံမရှိဘူးလို့ပဲ ထင်နေကြတယ်။ အချိန်တော်တော်ကြာ ရှင်းပြပီးတဲ့နောက် ချန်ရှု သူတို့နဲ့ ပြိုင်မငြင်းချင်တော့ဘူး

ဝမ်ချန်းရိနဲ့ကုရှင်းဟောင် တို့တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပီး သူတို့တကယ် အဲ့လိုလုပ်ခဲ့ကြတာပဲ။

ကုရှင်းဟောင် က

"မင်းမှာ ပိုက်ဆံရှိ ....ရှိတယ်ဆိုရင် ဘာလို့ ဈေးပေါတဲ့ အကျီတေပဲ ဝတ်နေရတာလဲ "

"ဈေးပေါတယ်?"
ချန်ရှုက သူ့ကိုယ်ပေါ်ရှိတဲ့ အဖြူရောင် တီရှပ်ကို ငုံ့ကြည့်လိုက်သည်။

"ဟုတ်တယ်လေ ၊ ငါတို့က မင်းနာမည်ကြီးတံဆိပ်တေကို ဝတ်တာတစ်ခါမှ မတွေ့ဖူးဘူး။ လမ်းဘေးဆိုင်က အကျီတွေဝတ်ပြီး ငါတို့ကိုလှည့်စားခဲ့တာ မင်းလေ!"

ကုရှင်းဟောင် က ချန်ရှုရဲ့အဝတ်အစားနဲ့ ဘောင်းဘီကို ညွှန်ပြလိုက်တယ်။

ချန်ရှုက ရှက်ရှက်နဲ့ရှင်းပြတယ်။
"ငါက ဈေးဝယ် လေ့မရှိဘူး၊ အိမ်က တစ်ပုံစံတည်း ပြင်ပေးထားတဲ့ အကျီတေကိုပဲ ဝတ်တာ"

ကုရှင်းဟောင် : "..."

ဝမ်ချန်းရိ : "..."

"ပြောရမယ်ဆို ချန်ရှုရဲ့အဝတ်အစားတေအကုန်လုံးက ကိုယ်တိုင်းနဲ့‌သီးသန့် ချုပ်ပေးထားတာလို့ ဆိုလိုတာလား?"

ဝမ်ချန်းရိက ကုရှင်းဟောင် ကိုကြည့်လိုက်တယ်။ကုရှင်းဟောင်ရဲ့မိသားစုကလဲ ချမ်းသာတာကြောင့် သူဒီအကြောင်းကို နားလည်သင့်တယ်မလား။

ကုရှင်းဟောင် :........... "အမ်..."

သူ့ကိုခွှင့်လွှတ်ပါ။ ချမ်းသာလာတာ မကြာသေးတဲ့သူတ‌စ်ယောက်အနေနဲ့ သီးသန့်ဒီဇိုင်နာထားပီး ကိုယ်တိုင်းနဲ့ချုပ်တဲ့အကျီတေကို လွယ်လွယ်နဲ့မသိတာ သူ့အမှားလဲမဟုတ်ဘူးလေ!

ရှက်စရာကောင်းလိုက်တာ! ချန်ရှုက ဈေးထဲကဆိုင်မှာဝယ်လို့ရတဲ့ အကျီတေဝတ်ရတယ်လို့ အမြဲထင်ခဲ့ပီး အခုထုတ်ပါပြောလိုက်သေးတယ်!

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now