ချန်ရှုဖုန်းသံကြောင့်နိုးလာခဲ့တယ်။ မျက်လုံးကိုခနမှိတ်ထားပီး ကုတင်ဘေးမှာရှိတဲ့ ခုံပေါ်က ဖုန်းကိုယူလိုက်တယ်။ဖုန်းမျက်နှာပြင်က လင်းနေပီးမျက်လုံးဖွင့်ဖို့ အနည်းငယ်ခက်တာကြောင့် မျက်ခုံးတေကို တွန့်ချိုးကြည့်လိုက်တယ်။ဖုန်းခေါ်ဆိုတဲ့ IDကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့နောက် သူ့အတန်းပိုင်ဆရာမဆက်နေတာပဲ။
"ဟယ်လို"
"မင်းအမှတ်စာရင်းကြည့်ပီးသွားပီလား"
အတန်းပိုင်ဆရာမရဲ့အသံကတော်တော်လေးကျယ်နေခဲ့တယ်။ ချန်ရှုက အပြည့်ဝမနိုးသေးပေမဲ့ ဖုန်းကို နားနဲ့ ခပ်ခွာခွာထားလိုက်တယ်။
"မကြည့်ရသေးဘူး ဆရာမ"
ချန်ရှုမနေ့ညက စောစောအိပ်ရာဝင်ခဲ့တာကြောင့် အမှတ်စာရင်းကြည့်ဖို့ အချိန်မရလိုက်ဘူး။ဒါပေမဲ့ အရင်ဘဝက အတွေ့ကြုံအရ သူ့အမှတ်ဘယ်လောက်များလဲဆိုတာ ကြည့်စရာမလိုပဲ သိတယ်။
"မင်း 738မှတ်ရတယ်!ဒီပြည်နယ်ရဲ့ ဝင်ခွင့်မှတ်အများဆုံးသူဖြစ်မှာ ကျိန်းသေပဲ!
အတန်းပိုင်ဆရာမက စိတ်လှုပ်ရှားနေပီး ပျော်ရွှင်နေတဲ့အသံကို မထိန်းချုပ်နိုင်ပေ။
"ဟုတ်လား၊ ကျေးဇူးတင်ပါတယ် ဆရာမ"
ချန်ရှုရဲ့ တည်ငြိမ်နေတဲ့ အသံကြောင့် ဆရာမကသိချင်လာတယ်။"738မှတ် ရတာကို မင်းမပျော်ဘူးလား"
"ဟုတ်ကဲ့၊ အရမ်းပျော်တယ်"
ချန်ရှုက ထိန်းမထားနိုင်တော့ဘဲ မျက်လုံးထောင့်ကနေ မျက်ရည်ဝေ့လာတဲ့အထိ သန်းလိုက်မိတယ်။အတန်းပိုင်ဆရာမ "........"
ဆရာမက တက္ကသိုလ်ကို သေချာရွေးတတ်သင့်ကြောင်း တကယ်လို့ မရွေးတတ်ဘူးဆိုရင် ကျောင်းကိုလာပီး ဆွေးနွေးလို့ရကြောင်းပြောကာ ဖုန်းချသွားတယ်။ချန်ရှု တစ်ခုချင်းစီ သေချာလိုက်နားထောင်လိုက်တယ်။
ဖုန်းချသွားတဲ့နောက် ပြန်အိပ်ဖို့ စောင်ထဲဝင်လိုက်ပေမဲ့ လှဲချပီးတဲ့အချိန်မှာပဲ ထပ်အိပ်မပျော်တော့ဘူးဆိုတာ သိလိုက်ရတယ်။
YOU ARE READING
ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]
Romanceပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL] Fully Credit To Author 清麓 ,Original Publisher and English Translator granma_mushroom. For raw ,MTL and E-tran links, kindly check my bio(ARIBRMW) I DON'T OWN THIS NOVEL.Retran...