35 [Miss Someone]

9K 1.3K 42
                                    

သခင်မထောင်သည် ဆိုဖာပေါ်တွင်ထိုင်ကာ လက်ဖက်ရည်သောက်နေပြီး သူမဘာတွေးနေမှန်းခန့်မှန်းလို့မရပေ။ ဝေရှီဖန် က အနောက်ကနေပုခုံးကိုဖက်လိုက်ပြီး ခေါင်းငုံ့ကာ သူမရဲ့နားထင်ကို နမ်းလိုက်တယ်။

"ဘာတွေတွေးနေတာလဲ?"

"ဘာမှမဟုတ်ပါဘူး။"

သခင်မထောင်က လက်ဖက်ရည်ခွက်ကိုချကာ ခဏလောက်စဉ်းစားပြီး ဝေရှီဖန်ရဲ့လက်ကို သူမပခုံးပေါ်ကဆွဲဖယ်ကာ

"နောက်မလာနဲ့တော့" လို့ပြောလိုက်သည်။

ဝေရှီဖန်က စကားပြောဖို့အချိန်မရခင်မှာပဲ သခင်မထောင်က

" ဒီကတ်ထဲက ပိုက်ဆံက မင်းလုပ်ချင်နေတဲ့ ကုမ္ပဏီတစ်ခုထောင်ဖို့ လုံလောက်တယ်။"

"အချစ်လေး၊ကိုယ် မင်းကို စိတ်ဆိုးအောင် လုပ်ခဲ့မိတာလား"

ဝေရှီဖန်က သူ့ခံစားချက်တွေကို ငြိမ်သက်အောင်ထိန်းလိုက်ပြီး တိုးတိုးလေးမေးလိုက်တယ်။

သခင်မထောင်က ကတ်ကို ကောက်ကိုင်ကာ ဝေရှီဖန်လက်ထဲထည့်လိုက်ပြီး လေးလေးနက်နက် စိုက်ကြည့်ရင်း

"စစ်ရယ်က ငါတို့ဆက်ဆံရေးအကြောင်း သိနေတယ်"

ဒီစကားကြောင့် ဝေရှီဖန် ရဲ့မျက်နှာကို ဖုန်မှုန့်လို‌သေးငယ်ကာကြောက်လန့်သွားပြီး မြေကြီးပေါ် ထိုင်ချလိုက်မိသည်။

"ဘယ်... ဘယ်လို၊ကိုယ်တို့ ဒီလောက်ထိ တိတ်တိတ်လေး လုပ်ခဲ့တာကိုလေ"

ဝေရှီဖန်က သူတို့ ဒီလောက်ဂရုစိုက်ခဲ့တဲ့ကြားက စစ်ရယ်သိသွားတယ်ဆိုတာကို မယုံနိုင်ဘူး။

သခင်မထောင် က ဝေရှီဖန်ဘယ်လိုလူလဲဆိုတာ သေချာ သိတယ်။ အခုတော့ သူ့မျက်နှာရှိ အေးစက်စက်မျက်လုံးများသည် ကမောက်ကမ ဖြစ်နေပြီး စိတ်ထဲတွင် ကြိတ်အော်နေမိသည်။

"ဖြတ်သန်းလို့မရတဲ့ နံရံဆိုတာ မရှိဘူး"

"ဒါဆို မင်းကို ခြိမ်းခြောက်ဖို့ ဒီအကြောင်းကို သုံးခဲ့တာလား"

ဝေရှီဖန်က ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး သခင်ထောင်ကို တည်ငြိမ်နေတဲ့ပုံစံဖြင့် မေးလိုက်သည်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now