25.2 [Do you want to?]

9.8K 1.5K 67
                                    


စစ်ရိချန်အခန်းထဲမှာ ရက်အတန်ကြာ ထိန်းသိမ်းခံရတဲ့အချိန် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက် ပို့စ်အသစ်တစ်ခုတင်ထားတာတွေ့လိုက်ရတယ်။လှောင်ပြောင်တဲ့ပုံတစ်ပုံ နဲ့  မင်း‌က အိုင်ကျူ (IQ) မြင့်တယ်လို့ မိဘတွေကို ခနခနပြောခဲ့ပေမဲ့ အခုတော့ အိပ်မက်ထဲကနေ နိုးသွားပြီမလား၊သနားစရာကောင်းလိုက်တာ ~

စစ်ရိချန်ဒေါသအရမ်းထွက်ပြီး သူ့ဖုန်းကို ပစ်ပေါက်လိုက်သည်။သူ့ကို အရင်ကမြှောက်ပင့်ခဲ့တဲ့ ကောင်တွေက ချန်ရှုရဲ့ နံစော်နေတဲ့ ခြေထောက် ကို တွယ်ကပ်ဖို့ ပြင်နေကြပြီ။

မဖြစ်ဘူး၊ သူဒီအတိုင်းထိုင် နေလို့မရတော့ဘူး။ဒီလိုဆက်နေရင် သူ့ရန်သူအတွက် အခွင့်ရေးရသွားလိမ့်မယ်။သူကိုယ့်သူ အားပြန်ဖြည့်ဖို့ သခင်မထောင်ဆီ သွားရမယ်။သူမကပဲ သူ့ကို ကူညီနိုင်မှာ။

စစ်ရိချန် ရုတ်တရက်ထလိုက်တာကြောင့် အနည်းငယ်မူးဝေသွားသည်။ရေချိုးရန် ရေချိုးခန်းသို့သွားကာ သူ့ကိုယ်သူ သန့်စင်လိုက်ပြီး သပ်သပ်ရပ်ရပ်အ၀တ်အစားများလဲဝတ်ကာ ဗီလာ နံပါတ် 5 သို့ လျှောက်သွားခဲ့တယ်။

ဒီမိသားစုမှာ သခင်မထောင် ကသာ သူ့ရဲ့ မဟာမိတ်ဖြစ်ပြီး သခင်မထောင်ကပဲ တကယ့်ကျောထောက်နောက်ခံဆိုတာ သူကောင်းကောင်းသိတယ်။

"အဖွား..."

စစ်ရိချန် က ဗီလာ နံပါတ် 5 ထဲကို ၀င်လိုက်တာနဲ့ သခင်မထောင် က သူ့ပုခုံးတွေကိုနှိပ်နှယ်နေရင်း ခေါင်းကိုက်နေပုံပေါ်တယ်။

"နေကောင်းရဲ့လား?"
စစ်ရိချန် က ရှေ့တိုးလာပြီး စိုးရိမ်တကြီး မေးသည်။

သခင်မထောင်က နေမကောင်းတာမဟုတ်ဘဲ ခံစားချက်မကောင်းတာဖြစ်သည်။စစ်ရိချန်ကိုမြင်လိုက်ရတော့ သူမဆီဘာလို့ရောက်လာလဲဆိုတာကို ကြိုတွေးထားပြီးသားပင်။

"အသက်ကြီးလာပြီလေ ၊ နေလို့မကောင်းတာနဲ့ ခနအနားယူနေတာ"

သခင်မထောင်သည် စစ်ရိချန်ကူတွဲပေးတာကို လက်မခံဘဲ ကုလားထိုင်ဆီကို လျှောက်သွားကာ သူ့ဘာသာသူ ထိုင်လိုက်သည်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now