စစ်ရယ်က နေ့လည်စာစားချိန်အထိ အိမ်ပြန်မရောက်လာသေးတာကြောင့် နေ့လည်စာကို ရိုးရိုးရှင်းရှင်းပြင်ဆင်လိုက်ပြီး ထောင်မင်းကျိလည်းပေါ်မလာသေးပေ။စစ်ဝမ်ဖင်းကတော့ ဒါကို မကျေမနပ် ဖြစ်နေတယ်။ကျန်တဲ့ (ယင်နဲ့ ယန်) လူတွေလဲ မရီးကြောင့် နေရတာ မသက်မသာဖြစ်လာကြသည်။သူတို့ကို ဘာလို့ အချိန်တိုင်း ကိုင်တွယ်နေရတာလဲ။အိမ်ထိန်းက သူ့မှာ ရွေးချယ်စရာမရှိတာကြောင့် သခင်မကြီးက နောက်မှ လာပါလိမ့်မယ်လို့ ပြုံးပြပြီး ပြောလိုက်တယ်။
ချန်ရှုက နေ့လည်စာကို တိတ်တိတ်လေးစားနေပေမဲ့ စစ်ရယ်ရဲ့ မျက်နှာသာပေးခံနေရတဲ့လူဆိုတာ ဖုံးကွယ်လို့မရခဲ့ဘူး။စားပွဲမှာထိုင်နေတဲ့ ပင်မအိမ်ကို ရှားရှားပါးပါးလာလည်ရတဲ့လူတစ်စုက သူတို့သဘာဝအတိုင်း တိုက်ခိုက်ချင်ကြသည်။
ဒါက နေ့လည်စာစားနေတဲ့ ချန်ရှုကို အခက်တွေ့စေတယ်။
"ချန်ရှုက အမှတ်ကောင်းရဲ့သားနဲ့ ဘာလို့ အင်ပါယာ တက္ကသိုလ်ကို မတတ်တာလဲ"
စစ်ဝမ်ဖင်း သည် ဖြည်းဖြည်းချင်းစားသောက် နေပြီး ချန်ရှုကို စူးစူးရဲရဲ ကြည့်လိုက်သည်။
ချန်ရှုလှုပ်ရှားမှုက လေထဲမှာ ခနရပ်တန့်သွားပြီး
"အေ တက္ကသိုလ်ကလဲ အဆင့်မြင့်ပြီး ကောင်းပါတယ်"
စစ်ဝမ်ပင်းကပြုံးလိုက်ပြီး
"ကလေးဆန်လိုက်တာ၊ အေ တက္ကသိုလ်က ဘယ်လောက်ကောင်းကောင်း အင်ပါယာမြို့တော်ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ၊ငါသာဆိုရင် ကိုယ့်အနာဂတ်အတွက်ကိုပဲ ဂရုစိုက်မှာ"
စစ်ရယ်မျက်နှာသာပေးထားတဲ့အပေါ် သိသိသာသာပဲ ထိုးနှက်လိုက်တာဖြစ်သည်။ချန်ရှုကို စစ်ရယ်က ခနတာ ဂရုစိုက်ပေးနေတာဖြစ်ပြီး ရေရှည်အတွက် မဖြစ်နိုင်ပေ။ စစ်ရယ်သာ သူ့ကို မျက်နှာသာမပေးပါက သူ့မှာ ဘာမှမရှိတော့ဘူးလို့ ဆိုလိုတာဖြစ်သည်။
"မှန်ပါတယ်"
ချန်ရှုက စစ်ဝမ်ဖင်းပြောတာကို မငြင်းဆန်ဘဲ စကားဆက်မပြောတော့ပေ။ ချည်လုံးကို ထိုးသလို အကျိုးမဲ့ ဖြစ်သွားတာကြောင့် သူမ အနည်းငယ်စိတ်ပျက်သွားသည်။
YOU ARE READING
ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]
Romanceပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL] Fully Credit To Author 清麓 ,Original Publisher and English Translator granma_mushroom. For raw ,MTL and E-tran links, kindly check my bio(ARIBRMW) I DON'T OWN THIS NOVEL.Retran...