44 [I love you too]

7.8K 1.1K 61
                                    

ချန်ရှုလန့်သွားပြီး မျက်လုံးကို တင်းတင်းမှိတ်ထားတယ်။ ရုတ်တရက် ရယ်သံတစ်ခု ကြားလိုက်ရပြီး သူ့နားလေးတွေ ယားယံသွားရတယ်။

ခေါင်းကိုပွတ်သပ်ပေးသလို ခံစားလိုက်ရပြီး စစ်ရယ်ရဲ့အသံ ထွက်လာတယ်။

"မျက်လုံးဖွင့်လို့ရပြီ"

ချန်ရှု က မယုံသလို သူ့မျက်တောင်လေးတွေကို ဖြေးဖြေးချင်း ဂရုတစိုက်ကြည့်လိုက်တော့ အဖြူရောင်ရေချိုးဝတ်စုံဝတ်ထားတဲ့ စစ်ရယ်ကို တွေ့လိုက်ရတယ်။

စစ်ရယ် အဝတ်အစားဝတ်ထားတာသေချာမှ ချန်ရှုသက်ပြင်းချလိုက်ပြီး မျက်လုံးကို သေချာဖွင့်လိုက်တော့တယ်။သူ့နားတွေပါ အရမ်းပူနေပြီ!

သူ့ကို စစ်ရယ်က ထပ်စနေတာကို သိလိုက်ရတော့ ချန်ရှုမသိစိတ်ကနေ ပါးနှစ်ဖက်က ဖောင်းသွားပြီး စစ်ရယ်ကို စိုက်ကြည့်လိုက်တယ်။

စစ်ရယ်က ချန်ရှုပါးလေးတွေ ဖောင်းလာတာကို မြင်တော့ မျက်လုံးပင့်လိုက်ပြီး နွေးထွေးမှုအပြည့်နဲ့ကြည့်လိုက်တယ်။ သူ့ပေါင်ပေ့ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲ။

"အန်ကယ်စစ် ကျွန်တော်က ဒီအခန်းမှာပြောင်းနေရမယ်လို့ ပြောလိုက်တာလား"

ချန်ရှု က စစ်ရယ် ပြောခဲ့တာကို သတိရပြီး တအံ့တဩ မေးလိုက်တယ်။

"အင်း၊ လက်ထပ်ပြီးခါစ ဘယ်အတွဲကများ အခန်းခွဲပြီး အိပ်ကြလို့လဲ ဟမ်?"

စစ်ရယ်က ကျေနပ်နေတဲ့လေသံနဲ့ပြောလိုက်တယ်။

ချန်ရှုက ဒီအကြောင်းကို နားလည်ပေမယ့်  စစ်ရယ်နဲ့သူက အယောင်ဆောင်ခင်ပွန်းတွေလေ။ဒီအိမ်က ပင်မအိမ်တော်ဆိုတော့ အပြင်လူတွေ လုံးဝလာနိုင်မှာမဟုတ်ဘူး။သူတို့နှစ်ယောက် အခန်းခွဲအိပ်တာကိုဘယ်သူသိနိုင်မှာလဲ။

စစ်ရယ်က ချန်ရှုတွေဝေနေတာကို မြင်တော့ လက်ကိုမြှောက်ကာ ချန်ရှုခါးကို ဖက်လိုက်ပြီး  လူကို ဆိုဖာဆီ ခေါ်သွားလိုက်တယ်။

"စစ်မိသားစုက လူတွေက စကားပြောတတ်တဲ့သူ‌တွေ ပြီးတော့ ကုမ္ပဏီကလူတွေကလည်း သက်သတ် လွတ်ရှောင်နေမှာ မဟုတ်ဘူး။ ကိုယ်ကလက်ထပ်ပွဲအတုလုပ်ခဲ့တယ်ဆိုတာသာ သိသွားရင် အရင်လုပ်ခဲ့တာတွေအားလုံး အသုံးမဝင်တော့ဘဲ ဖြစ်သွားမှာ။ ကိုယ့်အဖေရဲ့ရှေ့နေကလည်း အမွေဆက်ခံခွင့် ရုပ်သိမ်းပိုင်ခွင့်ရှိသွားလိမ့်မယ်"

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now